ဗြိတိန်ဘုရင်မကြီး​အား​ အမျိုး​သမီး​များ​ အား​ကျ​လေ့​ရှိ

alt

ဗြိတိသျှ ​တော်ဝင်မိသား​စုအ​ပေါ် စိတ်ဝင်စား​မှုသည် ကိတ်မစ်ဒယ်တန်​ကြောင့်​ အမြင့်​ဆုံး​ ဖြစ်ခဲ့​သော်လည်း​ အမျိုး​သမီး​များ​က ဘုရင်မကြီး​အ​ပေါ် အား​ကျမှုကို ဖုံး​ကွယ်နိုင်ခြင်း​ မရှိ​ သေး​ပေ။

ဘုရင်မကြီး​ အဲလိဇဘက် ကိုင်တွယ်အသုံး​ပြုခဲ့​သည့်​ ပုံတုံး​တုံး​ လက်ကိုင်အိတ်မှာ ယခုအခါ အလွန်​ရောင်း​အား​ကောင်း​နေ​ကြောင်း​ သိရသည်။ ဗြိတိန် လက်ကိုင်အိတ် ကုမ္ပဏီ Launer Londonက အဝါ​ရောင် ဝတ်စုံဖြင့်​ ဘုရင်မကြီး​ တွဲဖက်ဆင်မြန်း​ခဲ့​သည့်​ အဖြူ​ရောင်အိတ်မှာ ယခုအခါ ​ရောင်း​အား​ ၆၀ ရာခိုင်နှုန်း​ကျော် ထိုး​တက်လာ​ကြောင်း​ ​ပြောကြား​ခဲ့​ သည်။

အသက် ၃၅ နှစ်မှ ၅၀ ကြား​ အမျိုး​သမီး​ကြီး​ အများ​စု ကိုင်​လေ့​ရှိ​သော အဆိုပါအိတ်ကို ယခုအခါ အမျိုး​သမီး​ အသက်အရွယ် မျိုး​စုံတို့​က ဝယ်ယူလျက်ရှိ​ကြောင်း​ Launer Londonကဆိုသည်။

Launer London၏ လက်ရာ လက်ကိုင်အိတ်များ​ကို နှစ်သက်စွာ ဝယ်ယူအား​ပေး​သည့်​ ​တော်ဝင်မိသား​စုမှ ဂုဏ်သ​ရေရှိ အမျိုး​သမီး​မှာ ဘုရင်မကြီး​ တစ်ပါး​တည်း​ မဟုတ်​ချေ။ သူမ၏ ​ချွေး​မ​တော်စပ်​သော ကွန်း​ဝဲနယ်စား​ ကာမီလာသည်လည်း​ Launar London၏ ပရိသတ် တစ်ဦး​ပင်ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here