အမေရိကန်​မရိန်း​တပ်ဖွဲ့တွင် Gay စစ်သားများ​အား လေ့ကျင့်​ပေးမှုစတင်

alt

အမေရိကန် ရေတပ်၏ နာမည်ကျော် မရိန်းတပ်ဖွဲ့ဝင်များ အနေနှင့် Gayစစ်သားများအပေါ် လက်ခံရန် လေ့ကျင့်ပေးမှု စတင်နေပြီဖြစ်သည်။

၁၇ နှစ်ကြာအောင် သုံးစွဲခဲ့သည့် Don’t Ask, Don’t Tell ပေါ်လစီမှ ပိုမိုပွင့်လင်းသော မူဝါဒကို ကျင့်သုံးရန် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ အမေရိကန်၏ ရေတပ်၊ လေတပ်၊ ကြည်းတပ်တို့တွင် Gayများကို စစ်မှုထမ်းခွင့်ပေးရန် အတည်ပြုလိုက်ပြီးနောက် မရိန်းစစ်သားများအား အခန်းထဲတွင် အမျိုးသားချင်း နမ်းရှုပ်နေသည်ကို တွေ့ပါက သာမန်စုံတွဲကဲ့သို့ပင် သဘောထားနိုင်ရန်၊ ရုပ်မြင်သံကြားတွင် မိမိ၏ လုပ်ဖော်ကိုင်ဖက် စစ်သားတစ်ဦးက အရပ်ဝတ်ဖြင့် ဆန္ဒပြ ချီတက်ကာ Gayအခွင့်အရေး တောင်းဆိုနေခြင်းကို အေးအေးဆေးဆေးပင် လက်ခံကြည့်ရှုနိုင်ရန် လေ့ကျင့်ခန်း ပေးနေခြင်းဖြစ်သည်။

တပ်အတွင်း Gayများ၏ ပွင့်လင်းစွာ နေထိုင်ခွင့် ရလာမှုအပေါ် မရိန်းစစ်သည် အများစုက လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။ ထို့အပြင် မရိန်းစစ်သည် လေ့ကျင့်ရေး တာဝန်ခံများအနေနှင့်လည်း ပေါ်လစီ အပြောင်းအလဲကို ရုတ်တရက် လိုက်နာရန် အတန်ငယ် စိမ်းနေဆဲဟု သိရသည်။

ယခု ပေါ်လဝီသစ်ကို လက်ခံရန် ခက်ခဲကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ထားသည့် ထိပ်တန်း လေ့ကျင့်ရေးမှူး တစ်ဦးက ရေတပ်အတွင်း လိင်တူအရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်ခြင်းသည် တပ်၏ စည်းကမ်းသေဝပ်မှုကို ထိပါးလာစေနိုင်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

မရိန်းတပ်ဖွဲ့ဝင်သစ်များတွင် Gayများ ပါ၀င်ခြင်းကို လက်သင့်ခံ ပြဌာန်းပေးမည့် ပေါ်လစီသည် ဇွန်လ ၁ ရက်နေ့တွင် စတင်အကျံုးဝင်မည်ဟု မရိန်းစစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိမ်းစ်အာမိုက ကြေညာချက် ထုတ်ပြန်ပေးထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here