ခရစ်စတယ်ဟား​ရစ်နှင့်​ လက်ထပ်ခွင့်​ရခြင်း​မှာ အလွန်ကံ​ကောင်း​ဟု Playboy သန်း​ကြွယ်သူ​ဌေး​ကြီး​ပြောကြား​

alt

Playboy မဂ္ဂဇင်း​ အယ်ဒီတာချုပ် သန်း​ကြွယ်သူ​ဌေး​ကြီး​ ဟုဂျ်ဟက်ဖနာသည် ၎င်းသည် ခရစ်စတယ် ဟား​ရစ်အား​ လက်ထပ်ခွင့်​ရခြင်း​မှာ အလွန်ကံ​ကောင်း​ကြောင်း​ ​ပြောကြား​လိုက်သည်။

အသက် ၈၅ နှစ်ရှိ သူ​ဌေး​ကြီး​သည် ယခုအခါ အသက် ၂၄ နှစ်အရွယ် Playboy​မော်ဒယ်​ဟောင်း​အား​ ဇွန်လ ၁၈ ရက်​နေ့​တွင် ​လော့​စ်အိန်ဂျယ်လ်လိစ်ရှိ နာမည်​ကျော် Playboyစံအိမ်ကြီး​တွင် လက်ထပ်ရန် စီစဉ်ထား​သည်။

၎င်းသည် ယခင်က အိမ်​ထောင်နှစ်ဆက် ထူ​ထောင်ဖူး​သော်လည်း​ ခရစ်စတယ်သာ မိမိဘဝအတွက် စစ်မှန်​သော မိန်း​က​လေး​ဟု ဟက်ဖနာက ​ကြွေး​ကြော်လျက်ရှိသည်။ မိမိသည် အလွန်ကံ​ကောင်း​ကြောင်း​၊​ မိမိဘဝတွင် မည်သည့်​အရာနှင့်​မျှ ခိုင်း​နှိုင်း​၍ မရသည့်​ ​ပျော်ရွှင်မှုကို ပိုင်ဆိုင်​နေရ​ကြောင်း​ ဟက်ဖနာကဆိုသည်။

ဟက်ဖနာသည် ဒုတိယကမ္ဘာစစ်​နောက်ပိုင်း​ ကာလများ​တွင် Playboyမဂ္ဂဇင်း​ကို ကြိုး​စား​ထူ​ထောင်ခဲ့​သူဖြစ်သည်။ မဂ္ဂဇင်း​ ပထမဆုံး​ထုတ် စာအုပ်တွင် မာရီလင်မွန်ရိုး​၏ပုံကို မျက်နှာဖုံး​တင် ​ဖော်ပြခဲ့​ပြီး​နောက် Playboyသည် ကမ္ဘာ​ပေါ်တွင် လူကြိုက်အများ​ဆုံး​ အမျိုး​သား​ကြိုက် မဂ္ဂဇင်း​ကြီး​အဖြစ် ​အောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့​သည်။

ဟက်ဖနာသည် ယခင်ကလည်း​ Playboy​မော်ဒယ်များ​နှင့်​ တွဲခဲ့​ဖူး​သည့်​တိုင် အတည်တကျ အိမ်​ထောင်ပြုခဲ့​မှုမှာ ခရစ်စတယ် မတိုင်မီက ၂ ကြိမ်သာ ရှိခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here