ဆံပင်ပုံစံ​အဆန်း​အပြား​ကြောင့်​ ကွင်း​အတွင်း​မှ နှင်ထုတ်ခံရသည့်​ ဩစ​တြေး​လျ​​ဘောလုံး​သမား​

alt

ဩစ​တြေး​လျ နိုင်ငံမှ ​ဘောလုံး​သမား​ တစ်ဦး​သည် ဆံပင်ပုံစံ အဆန်း​အပြား​ကြောင့်​ ကစား​ကွင်း​အတွင်း​မှ နှင်ထုတ်ခံခဲ့​ရ​ကြောင်း​ သိရှိရသည်။

Mohawkပုံ ဆံပင်ပုံစံ ထား​ရှိ​သော နာသန်ဗန် ဆိုမာရန်သည် လက်ဖြင့်​ကိုင်တွယ် ကစား​ရသည့်​ ​ဘောလုံး​ကလပ် ဆင်ဆမ်မှ ကစား​သမား​ တစ်ဦး​ဖြစ်သည်။ ဗစ်တိုး​ရီး​ယား​ အ​ခြေစိုက် ကလပ်အသင်း​တွင် ကစား​နေ​သော နာသန်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ပွဲစဉ်တစ်ခုတွင် ထိုး​ထိုး​ထောင်​ထောင် Mohawkပုံ ဆံပင်ဖြင့်​ ဝင်ကစား​ခဲ့​သည်။ Sky News၏ အဆိုအရ နာသန်သည် အပိုင်း​ ၄ ပိုင်း​အနက် ပထမပိုင်း​နှင့်​ ဒုတိယပိုင်း​တို့​တွင် ကစား​ပြီး​နောက် တတိယပိုင်း​တွင် ဒိုင်က ဆက်ကစား​ခွင့်​ မ​ပေး​တော့​ဟု သိရသည်။

ဒိုင်လူကြီး​က နာသန်၏ ဆံပင်ပုံသည် အခြား​သော ကစား​သမား​များ​ကို မ​တော်တဆ ထိခိုက်​စေနိုင်​ကြောင်း​ ယူဆကာ ယခုလို ဆုံး​ဖြတ်ခဲ့​ခြင်း​ဖြစ်သည်။ နာသန်က ပွဲမကစား​မီတွင် ဒိုင်က မိမိ၏ ဆံပင်ပုံမှာ အန္တရာယ်ရှိနိုင်​ကြောင်း​ သတိ​ပေး​ခဲ့​သေး​သည်ဟု ဖွင့်​ဟခဲ့​သည်။ ၎င်းက ယခင်ကလည်း​ မိမိ၏ ဆံပင်ပုံစံကို ဒိုင်အချို့​က ​နောက်​ပြောင်ခဲ့​ဖူး​သဖြင့်​ သိပ်အ​လေး​မထား​ခဲ့​သော်လည်း​ ထုတ်ပယ်ခံရသည့်​အတွက် စိတ်ပျက်မိ​ကြောင်း​ ဖွင့်​ဟခဲ့​သည်။

ဆင်ဆမ်အသင်း​ နည်း​ပြဖြစ်သူ လိဝက်ရှ်ကလည်း​ နာသန် ထုတ်ပယ်ခံရခြင်း​အတွက် မ​ပျော်ရွှင်​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ကြမ်း​ကြမ်း​တမ်း​တမ်း​ ကစား​ခြင်း​၊​ ဒိုင်ကို ​စောဒကတက်ခြင်း​များ​ကြောင့်​ ကစား​သမား​တစ်ဦး​ ထုတ်ပယ်ခံရခြင်း​ကို မှတ်ချက်မ​ပေး​လို​ကြောင်း​၊​ ဆံပင်ပုံစံ​ကြောင့်​ ကစား​သမား​တစ်ဦး​ အထုတ်ခံရခြင်း​မှာမူ အံ့​ဩဖွယ်ဖြစ်​ကြောင်း​ ၎င်းက ငြီး​ငြူသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here