ပါကစ္စတန်တပ်ဖွဲ့​​အ​ခြေစိုက်စခန်း​တွင် ဗုံး​ပေါက်ကွဲမှုဖြစ်ပွား

alt

ပါကစ္စတန် လက်နက်ကိုင်တပ်ဖွဲ့​ အ​ခြေစိုက် စခန်း​တစ်ခုတွင် ဗုံး​ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွား​ရာ လူ ၆၉ ဦး​ထက်မနည်း​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။

အ​နောက်​မြောက်ပိုင်း​ဒေသရှိ ရှာဘီကွာဒါရှိ စစ်သင်တန်း​ အကယ်ဒမီတစ်ခုတွင် ဗုံး​ခွဲမှုကို ရဲများ​က စုံစမ်း​နေဆဲဖြစ်သည်။ ​မေလ ၁၂ ရက်​နေ့​က ဖြစ်ပွား​သော ဗုံး​ခွဲမှုသည် ယခုလ အ​စောပိုင်း​က ပါကစ္စတန်တွင် အသတ်ခံရသည့်​ အကြမ်း​ဖက် ​ခေါင်း​ဆောင်ကြီး​ အိုစမာဘင်လာဒင်အတွက် အယ်ကိုင်ဒါတို့​က လက်တုန့်​ပြန်ခြင်း​ဟု ယူဆရသည်။

လက်ရှိတွင်မူ မည်သည့်​စစ်​သွေး​ကြွ အဖွဲ့​ကမှ လ​ ပေါင်း ​များ​စွာအတွင်း​ စံချိန်တင် အ​သေအ​ပျောက်ပမာဏ ဖြစ်​ပေါ်​စေသည့်​ ဗုံး​ခွဲမှုကို မိမိတို့​ကျူး​လွန်​ကြောင်း​ မ​ကြေညာ​သေး​ချေ။ နှစ်လုံး​ဆက် ​ပေါက်ကွဲ​သောဗုံး​ဖြစ်​ကြောင်း​ ရဲတပ်ဖွဲ့​ အရာရှိတစ်ဦး​ဖြစ်​သော ဂျာဟာဇက်ခန်း​က AFPသတင်း​ဌာနသို့​ ​ပြောကြား​ခဲ့​သည်။ ​

ပေါက်ကွဲမှုသည် လူသစ်​လေ့​ကျင့်​ရေး​ ကွင်း​ပြင်အနီး​တွင် ဖြစ်ပွား​ခဲ့​ပြီး​ ​မော်​တော်ယာဉ် အ​ တော်များ​များ​လည်း​ ပျက်စီး​ခဲ့​သည်။ ​သေဆုံး​သူ အများ​စုသည် တပ်သား​သစ်များ​ဖြစ်ပြီး​ အရပ်သား​ ​သေဆုံး​မှု မရှိဟု သိရသည်။

ဒဏ်ရာရသူများ​ကို နီး​စပ်ရာ ​ဆေး​ရုံသို့​ ပို့​ဆောင်​ပေး​ ခဲ့ ​ရသလို အခင်း​ဖြစ်ရာ ​နေရာတွင်လည်း​ လုံခြံု​ရေး​ တင်း​ကြပ်ထား​လိုက်သည်။ ရှာဘီကွာတွင် အယ်ကိုင်ဒါတို့​၏ မဟာမိတ်ဖြစ်သည့်​ တာလီဘန် စစ်​သွေး​ကြွများ​ကလည်း​ ​ခြေကုပ်ယူ လှုပ်ရှား​လျက်ရှိ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here