တရုတ်နိုင်ငံတွင် ဘဏ်တစ်ခုအား​ ဓာတ်ဆီဗုံး​ဖြင့်​ တိုက်ခိုက်

alt

တရုတ်နိုင်ငံတွင် ဓာတ်ဆီဗုံး​ဖြင့်​ ဘဏ်တစ်ခုအား​ တိုက်ခိုက်မှု ဖြစ်ပွား​ခဲ့​ကြောင်း​ သိရသည်။

ဘဏ်အ​ပေါ် အငြိုး​ထား​နေသည့်​ ဝန်ထမ်း​ဟောင်း​ တစ်ဦး​က အ​နောက်​မြောက်ပိုင်း​ ဂန်ဆူရှိ ဘဏ်အ​ဆောက်အအုံထဲသို့​ ဗုံး​ကို ပစ်သွင်း​ခဲ့​ရာ လူအများ​အပြား​ ဒဏ်ရာရခဲ့​ခြင်း​ဟု သတင်း​များ​ကဆိုသည်။ အခင်း​ဖြစ်ပွား​ချိန်တွင် ဘဏ်ဝန်ထမ်း​များ​သည် မနက်ပိုင်း​ ပုံမှန်အစည်း​အ​ဝေး​တစ်ခု ကျင်း​ပလျက်ရှိသည်။

မေလ ၁၂ ရက်​နေ့​ ဖြစ်စဉ်အတွင်း​ လူအများ​အပြား​ ​သေဆုံး​ခဲ့​သည်ဟု သတင်း​များ​ ထွက်​ပေါ်ခဲ့​သော်လည်း​ ​နောက်ပိုင်း​တွင် ဒဏ်ရာရမှုများ ​သာရှိ​ကြောင်း​ ပြန်လည်​ကြေညာခဲ့​သည်။ ​ငွေကိုင်စာ​ရေး​ဟောင်း​ အသက် ၃၉ နှစ်အရွယ် ယန်ဇီဝမ်သည် ​ငွေ​ကြေး​အလွဲသုံး​စား​ လုပ်မှုများ​ကြောင့်​ ပြီး​ခဲ့​သည့်​လက ဘဏ်မှ အလုပ်ထုတ်ခံခဲ့​ရသည်။

ယခုအခါ ၎င်းသည် အခင်း​ဖြစ်ရာမှ ထွက်​ပြေး​သွား​ပြီး​နောက် ​ပျောက်ကွယ်လျက်ရှိပြီး​ ရဲများ​က ​ခြေရာခံ ရှာ​ဖွေ​နေသည်။ မျက်မြင်တစ်ဦး​က တိုက်ခိုက်မှု ဖြစ်ပွား​ပြီး​ချိန်တွင် လူအချို့​သည် ၄ ထပ်အမြင့်​မှ ​ကြောက်လန့်​တကြား​ ခုန်ချခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

အခင်း​ဖြစ်ပွား​ရာ တီယန်ဇူ​ဒေသသည် ​ခေါင်သီ​သော ​ နေရာတစ်ခုဖြစ်ပြီး ​ ​နေထိုင်သူ စုစု​ပေါင်း​၏ ၃ ပုံ ၁ ပုံမျှဖြစ်သည့်​ လူ ၂၁၀၀၀၀ ​ကျော်တို့​မှာ တိဘက်လူမျိုး​များ​ ဖြစ်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here