အနာဂတ်​အကြမ်းဖက်တိုက်ခိုက်မှု အစီအစဥ်များအား အိုစမာဘင်လာဒင် ဒိုင်ယာရီတွင် ရေးမှတ်ခဲ့

alt

အိုစမာ ဘင်လာဒင်သည် အနာဂတ်တွင် ပြုလုပ်မည့် အကြမ်းဖက် တိုက်ခိုက်မှု အစီအစဥ်များကို ဒိုင်ယာရီတွင် ရေးမှတ်ထားခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။

၎င်းသည် အမေရိကန် မည်၍မည်မျှကို သုတ်သင်သတ်ဖြတ်နိုင်မည်ဆိုသော အချက်များကိုပါ တွက်ချက်ထားခဲ့ကြောင်း သိရသည်။ အယ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်ကြီးသည် ၂၀၀၁ ခုနှစ် နာမည်ကျော် 9/11 အကြမ်းဖက်မှုကြီးကို ကြိုးကိုင်ခဲ့သကဲ့သို့ အလားတူ အကြမ်းဖက်မှုကြီးများ ကျူးလွန်ရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။

ဘင်လာဒင်သည် သေးငယ်သော ပြောက်ကျားအဖွဲ့လေးများနှင့် အရှေ့အလယ်ပိုင်း ဒေသများရှိ အမေရိကန်များကို စီးနင်းသတ်ဖြတ်ရန် စီစဥ်ထားကြောင်း ဒိုင်ယာရီတွင် ပါရှိသည့် အချက်အလက်များအရ ဖော်ထုတ်နိုင်ခဲ့သည်။ ထိုဒိုင်ယာရီကို မေလ ၁ ရက်နေ့က ၎င်းအား ပါကစ္စတန်တွင် ၀င်ရောက်စီးနင်း သတ်ဖြတ်စဥ် လက်ရသိမ်းဆည်းနိုင်ခဲ့သည်။

ဘင်လာဒင်သည် အမေရိကန် ထောင်နှင့်ချီ သေဆုံးစေမည့် စီမံကိန်းမျိုးကို ရည်ရွယ်လေ့လာနေသည်ဟုဆိုသည်။ ဘင်လာဒင် သေဆုံးသွားပြီးနောက် ၎င်းနှင့် ပတ်သက်သော ထောက်လှမ်းရေး အချက်အလက်များကို CIAက တစ်စထက်တစ်စ ထုတ်ဖော် ပြောဆိုလာခြင်းဖြစ်သည်။

ဘင်လာဒင်အား သုတ်သင်စဥ် လက်နက်မဲ့ အနေအထားကို ပစ်သတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေသော်လည်း အမေရိကန်ဗိုလ်ချုပ် အဲရစ်ဟိုဒါက ယင်းလုပ်ရပ်သည် အမျိုးသား ကိုယ်ပိုင်ကာကွယ်ခွင့် ဥပဒေအရ တရားဝင်ကြောင်း ကာကွယ်ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here