ခွေးအမည်ပေါက်ဖြင့် ဂျနီဖာ​အင်နစ်စတန် နေ​အိမ်​တစ်လုံး​ဝယ်ယူ

alt

ဟောလီးဝုဒ် မင်းသမီး ဂျင်နီဖာ အင်နစ်စတန်သည် သူမ၏ အချစ်​တော် ခွေးကလေး​၏ အမည်ဖြင့် နေအိမ်​တစ်လုံး ဝယ်ယူ​လိုက်ကြောင်း သိရသည်။

Just Go With Itစတား မင်းသမီးသည် နယူးယောက်ရှိ အိမ်တစ်လုံးကို ဒေါ်လာ ၅ သန်းပေးပြီး ဝယ်ယူခဲ့ခြင်းဖြစ်သည်။ မက်ဟမ်တန်တွင် တည်ရှိသော နေအိမ်​အတွက် အမည်ပေါက်အဖြစ် သူမ၏ အချစ်တော် ခွေးကလေး နော်မန်၏ အမည်ကို အင်နစ်စတန်က ရွေးချယ်ခဲ့သည်။ အသက် ၄၂ နှစ်ရှိ မင်းသမီးသည် ခွေးအလွန်ချစ်တတ်သူ တစ်ဦးအဖြစ် ကျော်ကြားသည်။

ယခုဝယ်ယူသော ဇိမ်ခံအိမ်သည် စတုရန်းပေ ၁၂၀၀ ကျော် ကျယ်ဝန်းပြီး ယခင်က လူသိထင်ရှားသည့် ဆံပင်အလှ ပညာရှင် ဆယ်လီဟက်ဘာဂျာက ပိုင်ဆိုင်သည်။ အင်ပါယာစတိတ် မျှော်စင်ကို လှမ်းမြင်နိုင်ပြီး နယူးယောက်ဆိပ်ကမ်း ရှုခင်းများကိုလည်း ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။ သို့သော် ဧည့်ခန်းနှင့် ရေချိုးခန်းတို့မှာ တစ်ခန်းစီသာ ပါရှိသည်။

ယခုနေအိမ်ကို အင်နစ်စတန်က ဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းများက ဖော်ပြနေသော်လည်း Friends စတား မင်းသမီး၏ ကိုယ်စားလှယ် ဖြစ်သူက အသေးစိတ် အချက်အလက်များ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here