ဂျပန်နိုင်ငံမှ လွှတ်တင်ထား​သည့်​ ဂြိုလ်တု ကမ္ဘာပတ်လမ်း​အတွင်း​ ပျက်စီး​သွား​

alt

ဂျပန်နိုင်ငံမှ လွှတ်တင်ထား​သော အာကာသ ဂြိုဟ်တုတစ်ခုသည် ကမ္ဘာပတ်လမ်း​အတွင်း​တွင် ပျက်စီး​သွား​ပြီဟု သိရသည်။

ကမ္ဘာ​မြေ ​လေ့​လာ​ရေး​ ​ခေတ်မီဂြိုဟ်တု ဒိုင်ချီသည် ယခုအခါ လုံး​ဝပျက်စီး​သွား​ပြီဟု ဂျပန်အာကာသ ​အေဂျင်စီက ​ကြေညာခဲ့​သည်။ အမျိုး​အမည် ခွဲခြား​ရန် ခက်ခဲ​သော ထိခိုက်မှုများ​ကြောင့်​ လွန်ခဲ့​သော ၃ ပတ်မျှကတည်း​က အပြီး​တိုင် ပျက်စီး​ သွား​ခြင်း​ဟု ​အေဂျင်စီက အတည်ပြုခဲ့​သည်။ ဂြိုဟ်တုသည် ဧပြီလ ၂၂ ရက်​နေ့​က အလိုအ​လျောက် စွမ်း​အင်ဖြတ်​တောက်သွား​ပြီး​နောက် အဆက်ပြတ်​နေခဲ့​သည်။

ဂျပန်အာကာသ ​အေဂျင်စီသည် နည်း​လမ်း​မျိုး​စုံ အသုံး​ပြု၍ ဂြိုဟ်တုကို ပြန်လည်အသက်သွင်း​ရန် ကြိုး​ပမ်း​ခဲ့​သော်လည်း​ ဒိုင်ချီကို ယခုအခါ အပြီး​တိုင် လက်လွှတ်လိုက်ရခြင်း​ဖြစ်သည်။ ဒိုင်ချီကို ၂၀၀၆ ခုနှစ်က ကမ္ဘာ​မြေ ဘက်စုံ​လေ့​လာ​ရေး​ ရည်ရွယ်ချက်ဖြင့်​ လွှတ်တင်ခဲ့​ခြင်း​ဖြစ်သည်။

ဒိုင်ချီသည် တာဝန်ထမ်း​ဆောင်​နေစဉ်အတွင်း​ ဓာတ်ပုံ​ပေါင်း​ ၆.၅ သန်း​ကျော် ရိုက်ယူနိုင်ခဲ့ ​ပြီး​ မတ်လ ၁၁ ရက်​နေ့​က ဂျပန်နိုင်ငံသို့​ ရိုက်ခတ်ခဲ့​သည့်​ ဆူနာမီ​ရေလှိုင်း​ ပုံရိပ်များ​ကိုပါ မှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here