၃ နှစ်ကြာ ပျောက်ဆုံးနေသည့် ကြောင်တစ်ကောင်အား ပိုင်ရှင်ဖြစ်သူ ပြန်တွေ့

alt

ဆွီဒင်နိုင်ငံမှ ကြောင်လေးတစ်ကောင်အား ပိုင်ရှင်ဖြစ်သူက မိုင် ၁၀၀ ကျော် ကွာဝေးသော နေရာတွင် ၃ နှစ်အကြာမှ ပြန်လည်ဆုံတွေ့ခဲ့ကြောင်း သိရသည်။

စထရွမ်းဆန်းတွင် နေထိုင်သည့် ကယ်မီလာ ဟယ်ကီက သူမ၏ ကြောင်လေး လစ်ဇီသည် လွန်ခဲ့သော ၃ နှစ်ကတည်းက ပျောက်ဆုံးသွားခြင်းဟု ပြောကြားခဲ့သည်။ မေလ ၈ ရက်နေ့တွင်မူ ဟာနိုဆန်ရှိ တိရစ္ဆာန် စောင့်ရှောက်ရေးဌာနက ဖုန်းခေါ်မှုကြောင့် မိုင် ၁၀၀ ကျော် ကွာဝေးသော နေရာတွင် ရောက်နေသည့် လစ်ဇီ၏ သတင်းကို ရခဲ့ခြင်းဟု ရှင်းပြခဲ့သည်။

သူမသည် ကြောင်လေးအား ရုတ်တရက်ပင် မမှတ်မိတော့ဟုဆိုသည်။ ဌာနမှ တာဝန်ရှိသူများက ကြောင်လေး၏ နားရွက်တွင် မှတ်ပုံတင် Chipပြားကို တပ်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း ပြောဆိုခဲ့ပြီးမှ သူမသည် လစ်ဇီမှန်း အတည်ပြုနိုင်ခဲ့ခြင်းဟု ကယ်မီလာကဆိုသည်။ ကြောင်လေးအား ပြန်ရခြင်းသည် အလွန်ကံကောင်းကြောင်း၊ သူမသည် လစ်ဇီကို သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြောင်း၊ ထိုမျှဝေးကွာသော အရပ်သို့ မည်သို့မည်ပုံ ရောက်နေသည်ကို မစဥ်းစားတတ်ကြောင်း ခန့်မှန်းခဲ့သည်။

ထို့အပြင် သုံးနှစ်မျှ ကာလအတွင်း လစ်ဇီအား အခြားပိုင်ရှင် တစ်ဦးဦးက မွေးမြူထားခဲ့ခြင်း ရှိမရှိကိုလည်း တိတိကျကျ မသိနိုင်ကြောင်း သူမက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here