အပေါ်ပိုင်းဗလာကျင်း စားပွဲထိုးများခန့်ထားသည့် အမေရိကန်မှ ကော်ဖီဆိုင် ပိတ်ပစ်ရန် ဖိအားပေးမှုကြံု

alt

အမေရိကန်နိုင်ငံရှိ အပေါ်ပိုင်း ဗလာကျင်းထားသည့် စားပွဲထိုးများ ခန့်ထားသည့် ကော်ဖီဆိုင်တစ်ခုမှာ ပိတ်ပစ်ရန် ဖိအားပေးမှုများနှင့် ကြံုနေပြီးနောက်

အမှန်တကယ် မိန်းရှိ ဗက်ဆယ်ဘိုရိုမှ Grand View Topless Coffee Shop တွင် စားပွဲထိုး အမျိုးသား၊ အမျိုးသမီး အားလုံးတို့သည် အပေါ်ပိုင်း အဝတ်အစား မဝတ်ရချေ။ ၂ နှစ်မျှ ဖွင့်လှစ်ခဲ့သော်လည်း အဆိုပါ ကော်ဖီဆိုင်သည် မီးကွင်းပစ်မှုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ အပါအဝင် အမျိုးမျိုးသော ဆန့်ကျင်မှုများကြောင့် ပိတ်ပစ်လိုက်ရသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူများက ကော်ဖီဆိုင်သည် လုပ်ပိုင်ခွင့်ထက် ပိုမိုသော ဆောင်ရွက်ချက်များ ရှိနေကြောင်း ပြောကြားခဲ့သည်။ ပိုင်ရှင်ဖြစ်သူ ဒေါ်နယ်ခရက်ထရီကမူ မိမိသည် ဆိုင်သို့ ရောက်လာသော ဖောက်သည်များကို ပျော်ရွှင်အောင် အဓိက ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော အဆိုပါဆိုင်သည် ထိုအချိန်က စားပွဲထိုး အမျိုးသမီး တစ်ဦးသာ ရှိခဲ့သည်။

ဒေသခံ တစ်ဦးဖြစ်သော စတိရိုဂျာက ယင်းလုပ်ငန်း ရပ်ဆိုင်းသွားသည်ကို ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ သူတစ်ပါး၏ လုပ်ငန်းခွင်တစ်ခု ပိတ်ရခြင်းမှာ ကျေနပ်သင့်သော အရာမျိုးမဟုတ်သော်လည်း ယင်းကို စီးပွားရေး လုပ်ငန်းတစ်ခုဟု သတ်မှတ်ရန် ခက်ခဲကြောင်း ယင်းကဆိုသည်။

အခြားသော ဒေသခံအချို့ကလည်း ကော်ဖီဆိုင်၏ လုပ်ရပ်သည် လိင်နှင့်ဆက်စပ်သော သွေးဆောင်မှုကိုသာ အသားပေးနေကြောင်း ဝေဖန်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here