ဥယျာဥ်စိုက်ပျိုးစဥ် အဝတ်အစား မဝတ်ထားသည့် ဥယျာဥ်မှူး တရားရင်ဆိုင်ရ

alt

ဗြိတိန်နိုင်ငံတွင် ဥယျာဥ်ကို စိုက်ပျိုးပြုစုသည့်အခါ အဝတ်အစား မဝတ်ထားသော ဥယျာဥ်မှူးတစ်ဦးမှာ ယခုအခါ တရားရင်ဆိုင်နေရကြောင်း သိရှိရသည်။

အသက် ၆၂ နှစ်ရှိ ဒေါ်နယ် စပစ်၏ လုပ်ရပ်ကို ထိတ်လန့်နေသော အိမ်နီးချင်းများက တွေ့မြင်သွားပြီးနောက် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်က ၎င်းသည် ကိုယ်ပိုင်ဥယျာဥ်ကို ပြုစုစိုက်ပျိုးတိုင်း အဝတ်ချွတ်ထားလေ့ရှိကြောင်း ဖွင့်ဟ ဝန်ခံခဲ့သည်။

၎င်းက ယင်းအမူအကျင့်မှာ စွဲမြဲနေပြီး မည်သူ့ကိုမျှ အနှောင့်အယှက် မဖြစ်နိုင်ပါဟု ပြောကြားခဲ့သော်လည်း ဆီရန်စတာတွင် နေထိုင်သော အိမ်နီးချင်းများက ပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း စွပ်စွဲခဲ့ကြသည်။ ဒေါ်နယ်က မိမိသည် အိမ်နီးချင်းများ မရှိသည့် အချိန်များကိုသာ ရွေးချယ်ပြီး အဝတ်အစားများချွတ်ကာ ဥယျာဥ်ကို ပျိုးထောင်ခြင်းဟု ပြောကြားထားသည်။

၎င်းက ယခုစွပ်စွဲချက်သည် ကိုက် ၁၅၀ အကွာမှ အလွန်အားကောင်းသော မှန်ဘီလူးဖြင့် ဗီဒီယိုရိုက်ကာ အိမ်နီးချင်းများထံ ဖြန့်ဝေသူ တစ်ဦးကြောင့် လူသိသွားခြင်းဟုလည်း ပြောဆိုခဲ့သည်။ တရားရုံးက ယခုကိစ္စကို ဇွန်လ ၂၀ ရက်နေ့တွင် စတင်ကြားနာမည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here