အိန္ဒိယထုတ် GQ မဂ္ဂဇင်းမျက်နှာဖုံးအတွက် အပေါ်ပိုင်း​အဝတ်မပါ ဓာတ်ပုံ​အရိုက်ခံသည့် နစ်ကိုးရှာဇင်ဂျာ

alt

အိန္ဒိယထုတ် GQအမျိုးသားကြိုက် မဂ္ဂဇင်း၏ မျက်နှာဖုံးအတွက် နာမည်ကြီး အဆိုတော် နစ်ကိုးရှာဇင်ဂျာက အပေါ်ပိုင်း ဗလာကျင်းလျက် ဓာတ်ပုံအရိုက်ခံခဲ့ကြောင်း သိရသည်။

အမေရိကန် အမျိုးသမီး ဂီတအဖွဲ့ Pussycat Dolls မှ ဦးဆောင်အဆိုတော်သည် ရှေ့ပိုင်းရင်သားကို သူမ၏ ရှည်လျားနက်မှောင်သော ဆံပင်များနှင့် ဖုံးကွယ်ထားလျက် ဇွန်လထုတ် မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံအရိုက်ခံခဲ့ခြင်းဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် ရှာဇင်ဂါ၏ ပုံရိပ်ကြောင့် GQအနေနှင့် အိန္ဒိယတွင် ပိုမိုရောင်းကောင်းလာဖွယ် ရှိနေသည်။ ရှာဇင်ဂါသည် နာမည်ကျော် ဗြိတိသျှ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား လူးဝစ်ဟယ်မီတန်နှင့် တွဲနေသူဖြစ်သည်။

သူမသည် မကြာသေးမီကမှ အမေရိကန်တွင် ပြုလုပ်မည့် X Factor အစီအစဥ်တွင် ဒိုင်အဖြစ် ပါ၀င်ဆောင်ရွက်ရန် သဘောတူညီထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here