အိုစမာ ဘင်လာဒင်အား​ သတ်ဖြတ်ရသည့်​ အွန်လိုင်ဂိမ်း​ လွှင့်​တင်ထား​

alt

အိုစမာ ဘင်လာဒင်အား​ သတ်ဖြတ်သည့်​ဟန် ကစား​ရမည့်​ ဂိမ်း​တစ်ခုကို Online တွင် လွှင့်​တင်ထား​ကြောင်း​ သိရသည်။

ထို့​ကြောင့်​ ဂိမ်း​ကစား​သူများ​သည် အယ်ကိုင်ဒါ အကြမ်း​ဖက် ​ခေါင်း​ဆောင်ကြီး​အား​ ရဲရဲရင့်​ရင့်​ ဝင်​ရောက်စီး​နင်း​ကာ သတ်ဖြတ်ရမည့်​ အထူး​တပ်ဖွဲ့​ဝင် တစ်ဦး​အ​နေနှင့်​ ကစား​ခွင့်​ ရ​တော့​မည်ဖြစ်သည်။ ဘင်လာဒင် ​မေလ ၁ ရက်​နေ့​က ပါကစ္စတန်တွင် ​သေဆုံး​ပြီး​ ၁ ပတ်အကြာတွင် အဆိုပါဂိမ်း​ ထွက်​ပေါ်လာခြင်း​ဖြစ်သည်။ အထူး​ရေတပ် ကွန်မန်ဒိုများ​က ရဟတ်ယာဉ်များ​ဖြင့်​ ရုတ်တရက် ​ရောက်ရှိလာကာ မီး​ခိုး​ရောင် ဆံပင်များ​နှင့်​ အကြမ်း​ဖက်သမား​ကို သုတ်သင်ရမည့်​ ဂိမ်း​၏ အမည်မှာ KumaWarဖြစ်သည်။

ဂိမ်း​ကစား​သူများ​အ​နေနှင့်​ ဘင်လာဒင် ​သေဆုံး​ခဲ့​ရာ အ​ဘော့​တာဘက်မြို့​ရှိ စံအိမ်ကြီး​မှ အ​စောင့်​တပ်ဖွဲ့​များ​ကိုလည်း​ သုတ်သင်ရှင်း​လင်း​ရမည်ဖြစ်သည်။ Onlineတွင် အခမဲ့​ ကစား​နိုင်သည့်​ KumaWar၏ Episode အမှတ် ၁၀၇ တွင် ယခု Missionကို ထည့်​သွင်း​ပေး​ထား​ခြင်း​ဖြစ်သည်။ အကြမ်း​ဖက် နှိမ်နင်း​ရေး​ အတိုက်အခိုက်ဂိမ်း​အတွက် မှတ်ပုံတင် ကစား​နေသူ သန်း​ ၂၀ ​ကျော် ရှိနှင့်​ပြီး​ဖြစ်သည်။

ယခင်ကလည်း​ KumaWarတွင် အာဖဂန်နစ္စတန် စစ်ပွဲနှင့်​ဆိုင်​သော Episodeများ​၊​ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်၏ ဖျက်စီး​အား​ကောင်း​သော လက်နက်များ​ကို ရှာ​ဖွေသည့်​ Episodeများ​ကို ထည့်​သွင်း​ပေး​ပြီး​ လက်​တွေ့​လောက ဖြစ်စဉ်များ​ကို အ​ခြေခံ တူညီနီး​စပ်​အောင် ဖန်တီး​ပေး​ခဲ့​ဖူး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here