လုံခြံု​ရေး​ခါး​ပတ် မပတ်သည့်​ ယာဉ်​မောင်း​အား​ တရုတ်ရဲတပ်ဖွဲ့​က လုံခြံု​ရေး​​ခါး​ပတ်သုံး​ကာ ပြစ်ဒဏ်​ပေး​

alt

တရုတ်နိုင်ငံမှ ယာဉ်​မောင်း​တစ်ဦး​သည် ရဲတပ်ဖွဲ့​စစ်​ဆေး​စဉ် လုံခြံု​ရေး​ခါး​ပတ် မပတ်သဖြင့်​ ခါး​ပတ်ကို အဖြုတ်အတပ် အကြိမ် ၅ဝ ထိ ပြုလုပ်​စေပြီး​ အပြစ်​ပေး​ ခံခဲ့​ရ​ကြောင်း​ သိရသည်။

အူရမ်ကွီတွင် အသက် ၃၃ နှစ်ရှိ ယာဉ်​မောင်း​တစ်ဦး​ လုံခြံု​ရေး​ခါး​ပတ် မပတ်ထား​သဖြင့်​ ယာဉ်ထိန်း​ရဲ တစ်ဦး​က ဖမ်း​ဆီး​ခဲ့​သည်။ အဆိုပါ ယာဉ်​မောင်း​သည် ယာဉ်စည်း​ကမ်း​ ​ ဖောက်ဖျက်မှု မှတ်တမ်း​မတင်လိုသဖြင့်​ ​တောင်း​ပန်ရာ ရဲက လုံခြံု​ရေး​ခါး​ပတ်ကို အကြိမ် ၅၀ ဖြုတ်လိုက်တပ်လိုက်လုပ်ပြီး​ အပြစ်ဒဏ် ​ပေး​ဆပ်ရန် ခိုင်း​စေခဲ့​သည်။

ထိုကိစ္စအတွက် အလွန် ​ဒေါသထွက်မိ​ကြောင်း​၊​ အခြား​ကား​များ​မှ ယာဉ်​မောင်း​များ​က မိမိအား​ ဝိုင်း​ကြည့်​နေသည်ကို သတိပြုခဲ့​မိ​ကြောင်း​ ယင်း​ကဆိုသည်။ ​နောက်ပိုင်း​တွင်မူ ထိုစဉ်က ရဲ၏ ခိုင်း​ စေမှုသည် ထိ​ရောက်လှပြီး​ ယခုအခါတွင် ကား​ပေါ်ထိုင်တိုင်း​ လက်က ခါး​ပတ်ကို အလိုလို ပတ်မိပြီး​ ဖြစ်​နေပြီဟုလည်း​ အဆိုပါ ယာဉ်​မောင်း​က ဝန်ခံခဲ့​သည်။

ထို့​အပြင် အကြိမ် ၅၀ ထိ ပြုလုပ်ခိုင်း ​ခဲ့​သော်လည်း​ အကြိမ် ၃၀ ပြည့်​ချိန်တွင် ဆက်မလုပ်ဘဲ ကား​ကို ဆက်​မောင်း​ခွင့်​ပေး​လိုက်​ကြောင်း​လည်း​ ဝူဟုသာ အမည်​ဖော်ပြ​သော ပုဂ္ဂိုလ်ကဆိုသည်။ ဝူက လက်ရှိအချိန်တွင် မိမိအတွက် လုံခြံု​ရေး​ခါး​ပတ် ပတ်ရခြင်း​သည် မ​မေ့​လျော့​ဘဲ အလိုလို လုပ်ကိုင်မိသည့်​ အ​လေ့​အကျင့်​ပင် ဖြစ်​နေပြီဟု ​ပြောကြား​ခဲ့​သည်။ ထို့​အတွက် ရဲဝန်ထမ်း​ကို ​ ကျေး​ဇူး​တင်​ကြောင်း​လည်း​ ၎င်းက ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here