ဘင်လာဒင်အား​ သတ်ဖြတ်ပြီး​နောက် အ​မေရိကန်​​ရေတပ်အဖွဲ့​ဝင်များ​၏​လုံခြံု​ရေး​အတွက် စိုး​ရိမ်မှုမြင့်​တက်

alt

အိုစမာ ဘင်လာဒင်အား​ လုပ်ကြံသတ်ဖြတ်ခဲ့​ပြီး​နောက် အ​မေရိကန် ​ရေတပ်အထူး​တိုက်ခိုက်​ရေး​ အဖွဲ့​ဝင်များ​၏ လုံခြံု​ရေး​အတွက် စိုး​ရိမ်မှု မြင့်​တက်လာခဲ့​ကြောင်း​ သိရသည်။

အ ​မေရိကန် ကာကါယ်​ရေး​ဝန်ကြီး​ ​ရောဘတ်ဂိတ်က ဘင်လာဒင်အား​ ပါကစ္စတန်တွင် သွား​ရောက်တိုက်ခိုက် သုတ်သင်ခဲ့​သော အဆိုပါ အထူး​တပ်ဖွဲ့​မှ အမှုထမ်း​အား​လုံး​အတွက် လုံခြံု​ ရေး​ စံနှုန်း​ကို မြှင့်​တင်​ပေး​ထား​ကြောင်း​ ​ပြောကြား​သွား​သည်။ ​ရေတပ် အထူး​တပ်ဖွဲ့​များ​သည် မိမိတို့​ လုံခြံု​ရေး​အတွက်​ရော၊​ မိသား​စုဝင်များ​အတွက်ပါ စိုး​ရိမ်​နေသည်ဟု ဝန်ခံခဲ့​သည်။

အယ်ကိုင်ဒါ အကြမ်း​ဖက် အဖွဲ့​သည် ၎င်းတို့​၏ ​ခေါင်း​ဆောင်ကြီး​အား​ သတ်ဖြတ်ခဲ့​မှုအတွက် လက်စား​ချေမည်ဟု ကြံုး​ဝါး​ထား​ရာ ​ရေတပ် အထူး​တပ်ဖွဲ့​ဝင်များ​အား​ ပစ်မှတ်ထား​ တုန့်​ ပြန်လာမည်ကို ကာကွယ်​ရေး​ ဝန်ကြီး​ဌာနက စိုး​ရိမ်​နေသည်။ ဘင်လာဒင်အား​ သုတ်သင်ရာတွင် ပါဝင်ခဲ့​သည့်​ အထူး​တပ်ဖွဲ့​များ​ကို ကမ့်​လီဂျူနီ တပ်စခန်း​တွင် ကိုယ်တိုင်သွား​ရောက် ​ တွေ့​ဆုံခဲ့​သည့်​ ဂိတ်က ၎င်းတို့​၏ လုံခြံု​ရေး​အတွက် ပိုမိုတိုး​မြှင့်​ ကာကွယ်​ပေး​မည်ဟု ကတိပြုခဲ့​သည်။

အ​ဘော့​တာဘက်တွင် ရဟတ်ယာဉ်များ​ဖြင့်​ ဆင်း​သက်ပြီး​ ဘင်လာဒင်အား​ သတ်ဖြတ်ခဲ့ ​သော တပ်ဖွဲ့​သည် ST6 ယူနစ်မှဖြစ်​ကြောင်း​ သတင်း​များ​ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်​ပေါ်လျက်ရှိသည်။ ယင်း​တပ်ဖွဲ့​သည် လျှို့​ဝှက်ဖွဲ့​စည်း​ထား​သည့်​ တိုက်ခိုက်​ရေး​ ယူနစ်တစ်ခုလည်း​ဖြစ်ပြီး​ ​ရေတပ်က ယင်း​သတင်း​များ​ကို အတည်ပြုရန် ငြင်း​ဆန်ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here