ရထား​ စီး​​ခရီး​သည်များ​ရှေ့​တွင် ​ကျောင်း​သား​​လေး​ငါး​ဦး​နှင့်​ လိင်ဆက်ဆံခဲ့​သည့်​ အမျိုး​သမီး​အား​ ဗြိတိန်ရဲဖမ်း​ဆီး​

alt

ရထား ​စီး​ ခရီး​သည်များ​ရှေ့​တွင်ပင် ​ကျောင်း​သား​လေး​ ငါး​ဦး​နှင့်​ လိင်ဆက်ဆံ​နေသည့်​ အမျိုး​သမီး​ တစ်ဦး​ကို ဗြိတိန်ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​လိုက်သည်။

အသက် ၂၁ နှစ်ရှိ ဆမန်သာ အမ်း​ စထ ​ရောင်း​သည် ရထား​လမ်း​ဘေး​တွင် ရှိ​နေ​သော အသက် ၁၅ နှစ်၊​ ၁၆ နှစ်အရွယ် ချာတိတ်တစ်စုအား​ သူမနှင့်​ လိင်ဆက်ဆံရန် ဖိတ်​ခေါ်ခဲ့​သည်။ ဝမ်း​သာသွား​သော အဆိုပါအဖွဲ့​သည် ဆမန်သာနှင့်​အတူ လန်ဒန်​တောင်ပိုင်း​ အက်​ဘေဝုရှိ အ​ဆောက်အအုံတစ်ခု​နောက်ဖက်သို့​ သွား​ရောက်ကာ လိင်​ပျော်ပွဲကြီး​ အတူနွှဲခဲ့​သည်။

သို့​သော် ထို​နေရာသည် မီး​ရထား​လမ်း​ တစ်ခု ​ဖောက်လုပ်ထား​သည့်​ ​နေရာနှင့်​ ကပ်လျက်တည်ရှိ​နေ​သော​ကြောင့်​ ဖြတ်သွား​သော ရထား​တစ်စင်း​မှ ခရီး​သည်များ​က အဆိုပါ ၆ ဦး​ကို ကွင်း​ကွင်း​ကွက်ကွက် ​တွေ့​ရှိခဲ့​သည်။ ခရီး​သည် အချို့​က ရဲထံဖုန်း​ဆက် အ​ကြောင်း​ကြား​ပြီး​နောက် ရဲများ​က ​ရောက်ရှိလာကာ ဆမန်သာနှင့်​ ချာတိတ်များ​ကို ဖမ်း​ဆီး​ခဲ့​သည်။ လူငယ် ၃ ဦး​ကို ရဲများ​က ဖမ်း​မိခဲ့​သော်လည်း​ ၂ ဦး​မှာ လွတ်​မြောက်သွား​သည်။ ဆမန်သာသည် ထိုအချိန်က မူး​ယစ်​ဆေး​ဝါး​ သုံး​စွဲထား​ကြောင်း​လည်း​ သိရသည်။

သူမ၏ ​ရှေ့​နေက ဆမန်သာသည် စိတ်ပိုင်း​ဆိုင်ရာ အား​နည်း​ယုတ်​ လျော့ ​နေပြီး​ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း​၊​ ဆင်ခြင်သုံး​သပ်နိုင်စွမ်း​ မရှိသဖြင့်​ ယခုလို အမှား​မျိုး​ ကျူး​လွန်မိခြင်း​ဖြစ်​ကြောင်း​ ​လျှောက်လှဲခဲ့​သည်။ တရား​သူကြီး​ အန်း​ ဂက်ဟယ်မီတန်က ​မေလ ၁၆ ရက်​နေ့​ထိ ယင်း​ပြစ်မှုအတွက် စီရင်ချက် ချမှတ်ဦး​မည် မဟုတ်​ချေ။

ယခုကိစ္စနှင့်​ ပတ်သက်ပြီး​ တရား​ရုံး​မှ နီး​စပ်သူအချို့​က ဆမန်သာ၏ လုပ်ရပ်သည် ချာတိတ်များ ​အတွက် ခရစ္စမတ် လက်​ဆောင်ကဲ့​သို့​ ဝမ်း​သာစရာ ဖြစ်ခဲ့​သော်လည်း​ ယင်း​တို့​၏ မိဘများ​ကမူ အသက်မပြည့်​သေး​သည့်​ လူငယ်များ​နှင့်​ လိင်ဆက်ဆံခဲ့​ခြင်း​အ​ပေါ် အလွန်စိတ်ဆိုး​ဒေါသထွက်​နေ​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here