အနာဂတ်ကာလ စပိုင်​​လေယာဉ်တစ်မျိုး​ အ​မေရိကန်​စမ်း​သပ်​နေ

alt

အနာဂတ် ​ထောက်လှမ်း​ရေး​ ကဏ္ဍအတွက် များ​စွာအသုံး​တည့်​မည့်​ စပိုင်​လေယာဉ် တစ်မျိုး​ကို အ​မေရိကန်က စမ်း​သပ်လျက်ရှိသည်။

Firebirdဟု အမည်​ပေး​ထား​သည့်​ အဆိုပါ ​ လေယာဉ်သည် ပိုင်း​လော့​ကိုယ်တိုင် ​မောင်း​နှင်နိုင်သလို ​မောင်း​သူမဲ့​ ​လေယာဉ်အဖြစ်လည်း​ အသုံး​ချနိုင်မည်ဖြစ်သည်။ ​လေယာဉ်တွင် တပ်ဆင်ထား​သော အဆင့်​မြင့်​ ကင်မရာများ​က ကြည်လင်ပြတ်သား​သော HDဗီဒီယို ပုံရိပ်များ​ကို ဖမ်း​ယူနိုင်မည်ဖြစ်သည်။

ထို့​အပြင် ရရှိထား​သော အချက်အလက်များ​ကို Memory Stickထဲတွင် မှတ်သား​ကာ သီး​သန့်​ Softwareမလိုအပ်ဘဲ ကွန်ပျူတာထဲသို့​ ထိုး​ထည့်​ပြီး​ ချက်ချင်း​ကြည့်​ရှုနိုင်မည်ဖြစ်သည်။ ​လေယာဉ်သည် အရှည် ၃၄ ​ပေနှင့်​ အမြင့်​ ၉.၇ ​ပေရှိသည်။ အမြီး​နှစ်ခွဖြင့်​ တည်​ဆောက်ထား​ သော ​လေယာဉ်သည် အမြင့်​ပေ သုံး​သောင်း​ထိ တက်နိုင်ပြီး​ တစ်ကြိမ်ဆီဖြည့်​ထား​လျင် ၂၄ နာရီမှ နာရီ ၄၀ ထိကြာ​အောင် ဆက်တိုက်တာဝန်ထမ်း​ဆောင်နိုင်သည်။

Flybirdသည် ​ ထောက်လှမ်း​ရေး​ ကဏ္ဍတွင် အ​မေရိကန်တို့​ ​ငွေကုန်​ကြေး​ကျ များ​ပြား​မှုကို ကျိန်း​သေ​ပေါက် ဖြတ်​တောက်​လျှော့​ချ​ပေး​နိုင်မည်ဟု စစ်ဖက်ဆိုင်ရာ ကျွမ်း​ကျင်သူများ​က သုံး​သပ်ခဲ့​သည်။

​လေယာဉ်ကို တည်​ဆောက်သည့်​ Northrop Grummanမှ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ​ပေါမီယာက Firebirdသည် လူမဲ့​ရော၊​ လူဖြင့်​ရော ​မောင်း​နှင်နိုင်သည့်​ အ​ကောင်း​ဆုံး​ ​ပေါင်း​စပ်မှုဟု ​ ကြွေး​ကြော်ခဲ့​သည်။ Firebridကို အရီဇိုး​နား​တွင် ​မေလ ၂၃ ရက်​နေ့​မှ ဇွန်လ ၃ ရက်​နေ့​ထိ သရုပ်ပြ ပျံသန်း​ရန် စီစဉ်ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here