လစ်ဗျား​အာဏာရှင် မူအမ်မာဂဒါဖီ၏ ​နေအိမ်ခြံဝင်း​အား​ NATO ဆက်လက်ဗုံး​ကြဲတိုက်ခိုက်

alt

မူအမ်မာ ဂဒါဖီအား​ အဓိက ပစ်မှတ်ထား​ တိုက်ခိုက်​နေခြင်း​ မရှိ​ကြောင်း​ ​ပြောဆိုခဲ့​သော်လည်း​ NATOဗုံး​ကြဲ ​လေယာဉ်များ​သည် လစ်ဗျား​အာဏာသိမ်း​ ဗိုလ်မှူး​ကြီး​၏ ​နေအိမ်ခြံဝင်း​ကို အကြီး​အကျယ် ဗုံး​ကြဲတိုက်ခိုက်မှုများ​ ဆက်လက်ပြုလုပ်ခဲ့​သည်။

ဂဒါဖီ ရုပ်မြင်သံကြား​မှတဆင့်​ လူလုံး​ပြခဲ့​ပြီး​ ​နောက်တစ်ရက်ဖြစ်သည့်​ ​မေလ ၁၂ ရက်​နေ့​က NATO​လေယာဉ်များ​သည် ထရီပိုလီရှိ ခြံဝင်း​ကို ပစ်ခတ်ခဲ့​ပြီး​ အနည်း​ဆုံး​ ဒုံး​ကျည်သုံး​လုံး​ ပစ်မှတ်ကို ထိမှန်ခဲ့​ကြောင်း​ မျက်မြင်များ​ကဆိုသည်။ NATOတို့​၏ ပစ်ခတ်မှုများ​က ဂဒါဖီ၏ ဘက်အယ်အဇာဇီယာ ခြံဝင်း​ကို ထိမှန်ခဲ့​ပြီး​နောက် စစ်​လေယာဉ်များ​ ပြန်သွား​ချိန်တွင် ​ဆေး​ရုံကား​များ​ အဆိုပါခြံထဲ ​မောင်း​ဝင်သွား​ကြောင်း​ ​ဒေသခံများ​က ​ပြောကြား​ခဲ့​သည်။

လစ်ဗျား​အစိုး​ရက ခြံဝင်း​ထဲသို့​ ဒုံး​ကျည် ၅ စင်း​ထိမှန်ပြီး​ ယင်း​ကြောင့်​ အရပ်သား​များ​ကို ထိခိုက်​သေဆုံး​စေ​ကြောင်း​ စွပ်စွဲခဲ့​သည်။ သုံး​ဦး​သေပြီး​ နှစ်ဦး​သည် သတင်း​ထောက်များ​ ဖြစ်ကြ​ကြောင်း​ အစိုး​ရ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ မူဆာအီဘရာဟင်ကဆိုသည်။ သတင်း​ထောက်များ​အား​ ယခင်ဗုံး​ကြဲမှုများ​အတွင်း​ ထိခိုက်ခဲ့​မှုများ​အတွက် မှတ်တမ်း​တင်ရန် ဖိတ်​ခေါ်ထား​စဉ် ယခုလို ဗုံး​ထပ်ကြဲရာမှ ​သေဆုံး​ခဲ့​ခြင်း​ဟု အီဘရာဟင်ကဆိုသည်။

ထရီပိုလီရှိ ​မြောက်ကိုရီး​ယား​ သံရုံး​မှာလည်း​ တိုက်ခိုက်မှုအတွင်း​ ထိခိုက်မိ​ကြောင်း​ လစ်ဗျား​က စွပ်စွဲခဲ့​သော်လည်း​ NATOက ငြင်း​ဆန်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here