စိတ်လှုပ်ရှား​သွား​သည့်​ အာဖဂန်​စစ်သား​ကြောင့်​ အင်္ဂလန် FA ဆုဖလား​ကြီး​ ထိခိုက်ပျက်စီး​

alt

အာဖဂန်နစ္စတန် စစ်သား​တစ်ဦး​၏ စိတ်လှုပ်ရှား​မှု​ကြောင့်​ အင်္ဂလန် ​ဘောလုံး​လောက၏ သမိုင်း​အစဉ်အလာ ကြီး​မား​သော FAရှံုး​ထွက်ပြိုင်ပွဲ ဆုဖလား​ကြီး​မှာ ထိခိုက်မိသွား​ကြောင်း​ သိရသည်။

FAဖလား​ကြီး​ကို နယ်လှည့်​ပြသ​လေ့​ရှိရာ ယခုသီတင်း​ပတ် အ​စောပိုင်း​က အာဖဂန်နစ္စတန် အ​ခြေစိုက် ဗြိတိန်စစ်စခန်း​ တစ်ခုသို့​ ​ရောက်ရှိခဲ့​သည်။ ထိုစဉ်က အ​ပျော်တမ်း​ ​ ဘောလုံး​ကစား​ပြီး​နောက် အာဖဂန် စစ်သား​တစ်ဦး​က ဆုဖလား​ကြီး​ကို ​ခေါင်း​ပေါ်တွင်​မြှောက်ပြီး​ ​အောင်ပွဲခံသည့်​ဟန် လုပ်ပြခဲ့​ရာ အခြား​စစ်သား​များ​က ရယ်​မောအား​ပေး​ခဲ့​ ကြသည်။

သို့​သော် ဆုဖလား​ကြီး​၏ အဖုံး​မှာ ရုတ်တရက် ပြုတ်ကျပြီး​နောက် ​ကွေး​ကောက်သွား​သည့်​အတွက် အား​လုံး​မျက်လုံး​ပြူး​ကုန်​ကြောင်း​ သိရသည်။ ထိုအချိန်က စစ်သား​များ​ကို အား​ပေး​ရန် အင်္ဂလန် ဂန္တဝင် ​ဘောလုံး​သမား​ စတူး​ဝပ်ပီရက်စ်လည်း​ ​ရောက်ရှိ​နေချိန်ဖြစ်သည်။

​မေလ ၁၄ ရက်​နေ့​တွင် စတုတ်စီး​တီး​နှင့်​ မန်ချက်စတာစီး​တီး​တို့​ ယှဉ်ပြိုင်ကစား​ မည်ဖြစ်​သော FAဗိုလ်လုပွဲအမီ အဆိုပါ ဆုဖလား​အား​ ပြင်ဆင်​ပေး​ရန် စစ်တပ်အင်ဂျင်နီယာများ​က တာဝန်ယူခဲ့​ကြသည်။

အသက် ၄၉ နှစ်ရှိ စတူး​ဝပ်က မ​တော်တဆ ဖြစ်ရပ်အတွက် ကံမ​ကောင်း​ကြောင်း​ ငြီး​တွား​ခဲ့​သော်လည်း​ ဆိုး​ရွား​စွာ ပျက်စီး​မှု မဖြစ်ခဲ့​ခြင်း​ကြောင့်​ သက်မ ချနိုင်ခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။ FAပြိုင်ပွဲ ဆုဖလား​ကြီး​ကို ထိုသို့​ နယ်လှည့်​ပြသ​လေ့​ ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here