လူသား​စား​နိုင်ရန် အင်တာနက်မှတဆင့်​ ကြိုး​ပမ်း​ခဲ့​သည့်​ ဆလိုဗက်ကီး​ယား​​နိုင်ငံသား​ အဖမ်း​ခံရ

alt

မိမိ၏ အစာဖြစ်မည်ဟု ​မျှော်လင့်​ထား​သူတစ်ဦး​ စိတ်​ပြောင်း​သွား​ပြီး​နောက် လူသား​စား​သူတစ်ဦး​ အဖမ်း​ခံလိုက်ရ​ကြောင်း​ သိရသည်။

ဆွစ်ဇာလန်နိုင်ငံမှ လူတစ်ဦး​သည် အင်တာနက်တွင် ​ကြော်ငြာထား​သော ဖိတ်​ခေါ်မှု တစ်ခုကို စိတ်ဝင်စား​သွား​ပြီး​နောက် ဆလိုဗက်ကီး​ယား​နိုင်ငံရှိ အသက် ၄၃ နှစ်အရွယ် ပုဂ္ဂိုလ်ထံ ဖုန်း​ဆက်ခဲ့​သည်။ ဆလိုဗက်သား​က မိမိသ​ဘောအ​လျောက် အသတ်ခံပြီး​ လှီး​ဖြတ်ချက်ပြုတ် အစား​သောက်ခံလိုသူများ​ကို ရှာ​ဖွေ​နေ​ကြောင်း​၊​ ဆန္ဒရှိသူများ​ ဆက်သွယ်နိုင်​ကြောင်း​ အင်တာနက်တွင် လွှင့်​တင်ထား​သည်။

အဆိုပါ ​ကြော်ငြာကို ဆွစ်ဇာလန်သား​က ​နောက်​ပြောင်မှု တစ်ခုအဖြစ်သာ သတ်မှတ်ပြီး​ ဖုန်း​ခေါ်ခဲ့​သည်။ သို့​သော် တစ်ဖက်မှ ​ပြောကြား​နေသူသည် အမှန်တကယ် ရည်ရွယ်​ ဆောင်ရွက်​နေမှန်း​ သတိပြုမိလာချိန်တွင် ဆွစ်ဇာလန် ရဲတပ်ဖွဲ့​သို့​ အထိတ်တလန့်​အ​ကြောင်း​ကြား​ခဲ့​သည်။ မူလက ထိုသတင်း​ကို တင်ထား​သူမှာ လူ​နောက်တစ်ဦး​ဟုသာ ထင်ခဲ့​ ကြောင်း​ ယင်း​က ​ပြောဆိုခဲ့​သည်။ ထို့​နောက်တွင် ဆွစ်ဇာလန် ရဲတပ်ဖွဲ့​က ဆလိုဗက် ရဲတပ်ဖွဲ့​သို့​ တိုင်ကြား​ခဲ့​ရာမှ နိုင်ငံအ​ရှေ့​မြောက်ပိုင်း​ ကိုင်ဆက်ရွာ​လေး​တွင် လူသား​စား​ ပုဂ္ဂိုလ်အား​ ​ခြေရာခံမိခဲ့​သည်။ ​မေလ ၁၂ ရက်​နေ့​တွင် ရဲများ​က ၎င်းအား​ ဝင်​ရောက်ဖမ်း​ဆီး​ရာ အပြန်အလှန် ပစ်ခတ်မှုများ​ ဖြစ်ပွား​ခဲ့​သည်။ ရဲတစ်ဦး​ ဒဏ်ရာရခဲ့​ပြီး​နောက် သံသယရှိသူကို ​သေနတ်ဖြင့်​ ပစ်ခတ်ပြီး​ အရှင်ဖမ်း​နိုင်ခဲ့​သည်။ ၎င်းသည် အမှန်တကယ် လူသား​စား​မည့်​ စိတ်​ဝေဒနာရှင်မျိုး​ဟု ယူဆရ​ကြောင်း​ ရဲတပ်ဖွဲ့​ကဆိုသည်။ ယခုအခါ ဒဏ်ရာရခဲ့​သည့်​ သံသယရှိသူ​ရော၊​ ရဲဝန်ထမ်း​ကိုပါ ​ဆေး​ရုံသို့​ တင်ပို့​ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here