နေ့စဥ်စားသောက်သည့် အစားအစာများ​အနက် ထမင်းက ကျန်းမာရေး​အတွက် ပိုမိုသင့်တော်

alt

နေ့စဥ်ပုံမှန် စားသောက်သော အစားအစာများအနက် ထမင်းက ပေါင်မုန့်ထက် ကျန်းမာရေးအတွက် ပိုမိုသင့်တော်ကြောင်း သိရသည်။

ဆန်မှချက်သော ထမင်းသည် ဂျံုမှရသော ပေါင်မုန့်ထက် ၅၀ ရာခိုင်နှုန်းမျှ အစာအာဟာရကို ထိန်းသိမ်းထားနိုင်ပြီး ကိုလက်စထရော ပါ၀င်မှုကို လျော့ကျစေကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ပြလိုက်သည်။ ကိုရီးယား အစားအသောက် သုတေသန ပညာရေးဌာနက ယခုစစ်တမ်း ရလဒ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယား လူမျိုးတို့၏ နေ့စဥ်စားသောက်မှုပုံစံ ကွဲပြားမှုအလိုက် ကျန်းမာရေးအပေါ် သက်ရောက်မှုအား ပညာရှင်များက လေ့လာခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ် ကျောင်းသားများ၊ သုတေသီများ ပူးပေါင်းလေ့လာပြီးနောက် ထမင်းနှင့် ပေါင်မုန့် စားပြီးသူများကို လေ့ကျင့်ခန်း ပြုလုပ်စေခဲ့ရာ ထမင်းကြေညက်ရန် ပျမ်းမျှ ၄၅၆ စက္ကန့်မျှ လိုအပ်ပြီး ပေါင်မုန့်ကမူ ၃၁၁ စက္ကန့်မျှသာ ကြာမြင့်သည်။

ထို့အပြင် ထမင်းသည် သွေးအတွင်းရှိ ကိုလက်စထရောကို လျှော့ချပေးနိုင်သည့် အစွမ်းသတ္တိမှာလည်း ပေါင်မုန့်ထက် ပိုမိုအာနိသင် ထက်မြက်ကြောင်း သိရသည်။ ထမင်းနှင့် ပေါင်မုန့်ကို ပုံမှန်စားသုံးသူများအား နှိုင်းယှဥ်လေ့လာပြီးနောက် သီတင်း ၈ ပတ် အကြာတွင် ကိုလက်စထရော ပမာဏကို တိုင်းတာရာ ထမင်းစားသူများတွင် ပိုမိုနည်းပါးသည်ကို သိသာစွာ တွေ့မြင်ခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here