အိုစမာဘင်လာဒင်၏​​နေရာကို ဆက်ခံရန် ပါကစ္စတန်​ကွန်မန်ဒို​ဟောင်း​တစ်ဦး​ ​ရေပန်း​စား​နေဟုဆို

alt

အယ်ကိုင်ဒါအဖွဲ့​ခေါင်း​ဆောင် အိုစမာ ဘင်လာဒင်၏ ​နေရာကို ဆက်ခံဖွယ် ရှိသူများ​အနက် ပါကစ္စတန် ကွန်မန်ဒို ​ဟောင်း​ တစ်ဦး​က ​ရေပန်း​စား​နေ​ကြောင်း​ သိရသည်။

ကမ္ဘာ​ကျော် အကြမ်း​ဖက် ကွန်ရက်ကြီး​အတွက် ဘင်လာဒင် ​သေဆုံး​ပြီး​ချိန်တွင် ​ခေါင်း​ဆောင်တစ်ဦး​ ခန့်​အပ်​ရေး​အတွက် အထူး​ဂရုစိုက် ​ရွေး​ချယ်​နေရဟန်ရှိပြီး​ ပါကစ္စတန် ကွန်မန်ဒို​ဟောင်း​ အီယက်ကက်ရှမီရီကလည်း​ ဖြစ်နိုင်​ခြေ အများ​ဆုံး​ တစ်​ပေး​ခံရသူ တစ်ဦး​ဖြစ်သည်။ ၎င်းသည် မွမ်ဘိုင်း​တွင် တိုက်ခိုက်ခဲ့​သည့်​ အကြမ်း​ဖက်မှုကြီး​ကဲ့​သို့​ ဥ​ရောပတွင်လည်း​ စီး​နင်း​မှုများ​ ပြုလုပ်ရန် ကြံစည်​နေသည့်​ အကြမ်း​ဖက်မှု အ​တော်များ​များ​တွင် ပါဝင်ပတ်သက်​နေသည်ဟု နာမည်ထွက်​နေသည်။

၂၀၀၈ ခုနှစ်၊​ အိန္ဒိယနိုင်ငံ၊​ မွမ်ဘိုင်း​မြို့​တွင် ​သေနတ်သမား​များ​က အ​သေခံ အကြမ်း​ဖက်ကာ ကွန်မန်ဒိုဆန်ဆန် စီး​နင်း​မှုမျိုး​ ဥ​ရောပတိုက် နိုင်ငံများ​တွင် ပြုလုပ်ရန်လည်း​ အယ်ကိုင်ဒါက ကြံစည်​နေပြီး​ ယင်း​စီမံကိန်း​တွင် ကက်ရှမီရီက အလွန်နာမည်ထွက်​နေသည်။ CIA က ပါကစ္စတန်တွင် ပြုလုပ်သည့်​ ​မောင်း​သူမဲ့​လေယာဉ်ဖြင့်​ တိုက်ခိုက်မှုများ​အတွင်း​ ပစ်မှတ်ထား​ခြင်း​ ခံ​နေရ​သော နာမည်​ကျော် အကြမ်း​ဖက်သမား​ တစ်ဦး​လည်း​ဖြစ်သည်။

ပါကစ္စတန် စစ်ဖက်တွင် အထူး​တပ်ဖွဲ့​ဝင် ကွန်မန်ဒိုတစ်ဦး​ ဖြစ်ခဲ့​ပြီး​ အာဖဂန် ​ဆေး​ခြောက်​မှောင်ခိုများ​၊​ ဆိုဗီယက်စစ်တပ်များ​ကို တိုက်ခိုက်ရန် အထူး​လေ့​ကျင့်​သင်ကြား​မှု ခံထား​ရသူအဖြစ် လူသိများ​သည်။ ၎င်းသည် စစ်တပ်မှ ထွက်ခွာပြီး​နောက် အယ်ကိုင်ဒါတို့​နှင့်​ နီး​စပ်​သော ဟာရာကက်အူဂျီဟက်အစ်စလမ်မီအဖွဲ့​နှင့်​ ချိတ်ဆက်ပြီး​ အယ်ကိုင်ဒါနှင့်​ပါ ပူး​ပေါင်း​မိခဲ့​ခြင်း​ဖြစ်သည်။

​လေ့​လာသူများ​က အယ်ကိုင်ဒါတို့​အတွက် ကက်ရှမီရီသည် ဘင်လာဒင်​ခေတ်လွန် အဓိက ပုဂ္ဂိုလ်တစ်ဦး​ ဖြစ်လာမည်ဟု ခန့်​မှန်း​ခဲ့​သည်။ ဘင်လာဒင်​နေရာတွင် အစား​ထိုး​ရန် အဘူယာဟာအယ်လီဘီ၊​ ဆိုင်အယ်အဒယ်၊​ အန်ဝါအယ်အယ်လီကီ၊​ ဆက်ဘင်လာဒင်နှင့်​ နာဆာအယ်ဝါ​ဟေရှီတို့​ကဲ့​သို့​ အကြမ်း​ဖက်သမား​များ​လည်း​ နာမည်ထွက်လျက်ရှိ​နေသည့်​တိုင် အယ်ကိုင်ဒါအဖွဲ့​က ​ခေါင်း​ဆောင်တစ်ဦး​ကို တရား​ဝင် ​ရွေး​ချယ်ခြင်း​ မရှိ​သေး​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here