မင်္ဂလာဦးညတွင် သတို့သမီး​နာမည်မှားခေါ်မိသည့် သတို့သား

alt

မင်္ဂလာဦးညတွင် သတို့သမီးကို နာမည်မှားခေါ်မိပြီးနောက် သတို့သားတစ်ဦး အကြီးအကျယ် ဒုက္ခများခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်ရှိ တရုတ်နိုင်ငံသား ဆန်ကွီအန်းသည် ၎င်း၏ ဇာတိမြို့ ဆူကွီယန်တွင် ဟူယန်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်တွေ့ဆုံခဲ့သည်။ ၂ လအကြာတွင် ၎င်းတို့နှစ်ဦးသည် ရိုးရာအစဥ်အလာအတိုင်း လက်ထပ်ခဲ့ပြီး အကြင်လင်မယားအဖြစ် မှတ်ပုံတင်ခဲ့ခြင်း မရှိပေ။ ဆန်သည် ဟူ၏ မိသားစုအား ရွှေထည် လက်ဝတ်လက်စား အချို့နှင့် မော်တော်ဆိုင်ကယ် တစ်စင်းအပြင် ယွမ်ငွေ နှစ်သောင်းကိုပါ ခန်းဝင်ကြေးအဖြစ် ပေးအပ်ခဲ့သည်။

လက်ထပ်ပွဲ အခမ်းအနားတွင် နှစ်ဦးအတူ သောက်စားခဲ့ပြီးနောက် ဆန်၏ အခန်းသို့ အတူပြန်လာကြသည်။ ထို့နောက်တွင်မူ ဆန်မှာ မိမိအား အခြားအမျိုးသမီး တစ်ဦး၏ အမည်ကို ခေါ်နေကြောင်း ဟူက တွေ့ရှိခဲ့သည်။ ဒေါသအကြီးအကျယ် ပေါက်ကွဲနေသော သတို့သမီးသည် နောက်နေ့တွင် မိဘများအိမ်သို့ ပြန်သွားခဲ့သည်။

ဆန်သည် ဟူအား အကြိမ်ကြိမ် လာရောက်တောင်းပန်ခဲ့သော်လည်း သူမက ခွင့်လွှတ်ရန် ငြင်းဆန်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင်မူ ဆန်က လက်လျှော့လိုက်ပြီး သူမအား ကွာရှင်းရန်နှင့် ခန်းဝင်ပစ္စည်းအားလုံး ပြန်အပ်ရန် တောင်းဆိုခဲ့သည်။ ထိုကိစ္စကိုလည်း ဟူက ငြင်းဆန်ခဲ့သည်။

ယင်းအရှုပ်အထွေးသည် တရားရုံးသို့ ရောက်ခဲ့ပြီးနောက် ယခုအခါ တရားရုံးက လက်ဝတ်ရတနာ အားလုံးနှင့် ဆိုင်ကယ်ရော၊ ငွေသားပါ ဆန်လက်သို့ ပြန်ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here