ခန္ဓာကိုယ်ပေါ်တွင် ဘရတ်ပစ်အား ဂုဏ်ပြုရေးထိုး​ထားသည့် Tattoo တစ်ခုရှိကြောင်း ဂျိုလီပြောကြား

alt

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ချစ်သူ ဘရတ်ပစ်အား ဂုဏ်ပြုရေးထိုးထားသည့် Tattooတစ်ခု ရှိနေကြောင်း ဂျိုလီက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်လက ဂျိုလီအနေနှင့် နောက်ထပ် Tattooသစ်တစ်ခု ရေးထိုးလိုက်ပြီဟု သတင်းထွက်ခဲ့ပြီးနောက် သူမအနေနှင့် နောက်ထပ်မွေးစားမည့် ကလေးငယ် တစ်ဦး၏ အမည်ကို ရေးထိုးခြင်း ဖြစ်နိုင်ကြောင်း အများစုက ခန့်မှန်းခဲ့သည်။ ပစ်နှင့် ဂျိုလီတို့တွင် မွေးစားကလေး ၃ ဦးနှင့် သားသမီးအရင်း ၃ ဦးစီ ရှိနေကြသည်။

သို့သော်လည်း Extraနှင့် အင်တာဗျူးတွင် The Touristမင်းသမီးက ခန့်မှန်းချက်များကို ပယ်ချခဲ့ပြီး Tattooသည် ပစ်ကို ရည်စူးကြောင်း ပြောကြားခဲ့သည်။ သူမက Tattooသည် ပစ်ကို မွေးဖွားခဲ့သည့် ဇာတိမြေကို ချီးမြှောက်ရန် ရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်။

သူမက Tattooနှင့် ပတ်သက်၍ အသေးစိတ် မပြောလိုသည့်တိုင် အိုကလာဟိုးမားရှိ ရှော်နီးဒေသနှင့် ဆက်နွယ်နေကြောင်း Extraသို့ ရယ်ရယ်မောမော ဖွင့်ဟပြောကြားသွားသည်။ ဂျိုလီသည် ယခင်ကလည်း ခန္ဓာကိုယ်ပေါ်တွင် Tattooအတော်များများ ရေးထိုးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here