ကွန်ဂိုတွင် တစ်နာရီလျှင် အမျိုးသမီး ၄၈ ဦး မုဒိမ်းကျင့်ခံနေရ

alt

ကွန်ဂိုတွင် တစ်နာရီတိုင်း အမျိုးသမီး ၄၈ ဦးစီ မုဒိမ်းကျင့်ခံနေရကြောင်း သုတေသီများက ပြောကြားခဲ့သည်။

အမေရိကန်မှ သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့သော စစ်တမ်းတွင် ကွန်ဂိုဒီမိုကရက်တစ် နိုင်ငံအတွင်း အမျိုးသမီးများ၏ဘဝ မလုံခြံုမှုသည် ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။ အမေရိကန် ပြည်သူ့ကျန်းမာရေး ဆေးပညာဂျာနယ်က ပြုလုပ်သော သုတေသန ရလဒ်အရ အသက် ၁၅ နှစ်နှင့် ၄၉ နှစ်ကြား အမျိုးသမီး လေးသိန်းကျော်သည် ၂၀၀၆ မှ ၂၀၀၇ ခုနှစ်ကြား ၁၂ လကြာ ကာလအတွင်း မုဒိမ်းသမားတို့၏ သားကောင်ဖြစ်ခဲ့ကြောင်း သိရသည်။

မူလက ကွန်ဂိုတွင် တစ်နှစ်အတွင်း မုဒိမ်းမှု သောင်းနှစ်ထောင်ကျော်မျှ ရှိနေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားမှုထက် များစွာပိုမိုနေသည်။ ကွန်ဂိုတွင် အမျိုးသမီးများကို လိင်မှုရေးရာ အကြမ်းဖက်မှုသည် ဖြစ်မြဲဖြစ်စဥ် ကိစ္စမျိုးအသွင်ကိုပင် ဆောင်နေကြောင်း လေ့လာသူများကဆိုသည်။ အဆိုးရွားဆုံးမှာ မြောက်ပိုင်းကီဗူးတွင်ရှိပြီး ပျမ်းမျှအသက် ၆၇ နှစ်ရှိသော အမျိုးသမီး ၁၀၀၀ တွင် ၁ ဦးသည် မုဒိမ်းကျင့်ခံခဲ့ရသည်။

တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့၊ တရားဥပဒေ ဝန်ထမ်းများနှင့် တရားရေးစနစ်တို့သည် အမျိုးသမီးများ၏ ဘဝလုံခြံုရေးအတွက် အကာအကွယ်ပေးရန် လုံလောက်သော အားထုတ်မှု မရှိကြောင်းနှင့် ကွန်ဂိုအမျိုးသမီးများ၏ အခြေအနေသည် လူ့အခွင့်အရေးအရ အဆိုးရွားဆုံး နစ်နာဆုံးရှုံးမှုများ ကြံုနေရကြောင်း ဟားဗက်လူသားချင်း စာနာမှုအဖွဲ့မှ ဒါရိုက်တာ မိုက်ကယ်ဗန်ရူယန်းက ဝေဖန်ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here