တက္ကစီခ မရှင်း​နိုင်သဖြင့်​ ပါး​စပ်ဖြင့်​​လိင်​ဖျော်​​ဖြေရန် ကမ်း​လှမ်း​သည့်​ ​ဟောင်​ကောင်​အမျိုး​သမီး​

alt

​ဟောင်​ကောင်မှ အမျိုး​သမီး​ တစ်ဦး​သည် တက္ကစီ ငှား​စီး​ပြီး​ ​ငွေမရှင်း​နိုင်သည့်​အတွက် ပါး​စပ်ဖြင့်​ လိင်​ဖျော်​ဖြေ​ပေး​မည်ဟု ကမ်း​လှမ်း​ခဲ့​ကြောင်း​ သိရသည်။

သူမသည် ဒရိုင်ဗာအား​ ယခုကမ်း​လှမ်း​မှုကို ပြုလုပ်ခဲ့​သလို ဒရိုင်ဗာ၏ ဖုန်း​ကိုလည်း​ ရယူရန် ​တောင်း​ဆိုခဲ့​သဖြင့်​ ဒရိုင်ဗာက ငြင်း​ဆန်ကာ သူမအား​ နှင်ထုတ်ခဲ့​သည်။ မတ်လ ၂၈ ရက်​နေ့​ တရား​ခွင်တွင် စစ်​ဆေး​မှု ပြုလုပ်ပြီး​နောက် ပြီး​ခဲ့​သည့်​နှစ် ဒီဇင်ဘာလ ၂၉ ရက်​နေ့​က ဖြစ်စဉ်တွင် အသက် ၄၅ နှစ်အရွယ် လီဝူဇင်း​သည် လိင်ပိုင်း​ဆိုင်ရာ ကမ်း​လှမ်း​မှု ပြုလုပ်ခဲ့​ကြောင်း​ ထင်ရှား​သည့်​တိုင် ဖုန်း​ကို ခိုး​ယူရန် ကြိုး​စား​ခဲ့​သည်ဆို​သော စွဲချက်ကိုမူ တရား​သူကြီး​ ရိုနယ်​ချောင်​ဝေတတ်က ပယ်ချလိုက်သည်။

တရုတ်နိုင်ငံမှ ​ရောက်ရှိလာ​သော အမျိုး​သမီး​သည် တက္ကစီခအဖြစ် ​ဟောင်​ကောင်​ဒေါ်လာ ၅၀ ​ပေး​ချေရမည် ဖြစ်​သော်လည်း​ ​ပေး​စရာ ပိုက်ဆံမရှိသဖြင့်​ အသက် ၄၇ နှစ်အရွယ် ဒရိုင်ဗာအား​ အထက်ပါ နည်း​လမ်း​အတိုင်း​ ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်သည်။

ဒရိုင်ဗာက လီအား​ နှင်ထုတ်လိုက်ပြီး​နောက် ကား​ကို ​မောင်း​ထွက်လာရာမှ ​ဟောင်​ကောင်​ဒေါ်လာ ၁၅၀၀ တန် ဖုန်း​ပျောက်​နေမှန်း​ သတိထား​မိပြီး​ သူမအား​ ထား​ခဲ့​သည့်​ ​နေရာအနား​ ပြန်လည်​မောင်း​နှင် ရှာ​ဖွေကာ လီအား​ ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။ လီသည် လက်ရှိတွင် အချုပ်ခန်း​အတွင်း​ ရှိ​နေပြီး​ သူမ၏ ပြစ်ဒဏ်ကို အတည်ပြု ချမှတ်ခြင်း​ မရှိ​သေး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here