ယူဂန္ဓာတွင် ဆန္ဒပြသူများ​အား​ ပန်း​ရောင်​ဆိုး​ဆေး​များ​ ဖြန်း​ပက်ကာ လူစုခွဲ

alt

ယူဂန္ဓာနိုင်ငံတွင် အစိုး​ရ ဆန့်​ကျင်သူများ​ကို လူစုခွဲရာတွင် ပန်း​ရောင်ဆိုး​ဆေး​ရည်များ​ အသုံး​ပြုခဲ့​ကြောင်း​ သိရှိရသည်။

ယူဂန္ဓာ အာဏာပိုင်များ​က ဆန္ဒပြသူများ​နှင့်​ ​စေ့​စပ်​ဆွေး​နွေး​ပြီး​ လူစုခွဲရန် ​တောင်း​ဆိုခဲ့​သော်လည်း​ ​မေလ ၁၀ ရက်​နေ့​က ရာနှင့်​ချီ​သော ဆန္ဒပြသူများ​ မြို့​တော်ကမ်ပါလာတွင် စုရုံး​နေခဲ့​ပြီး​နောက် ယခုလို နည်း​လမ်း​များ​ဖြင့်​ လူစုခွဲခဲ့​ခြင်း​ဖြစ်သည်။ သံချပ်ကာယာဉ်များ​တွင် တပ်ဆင်ထား​သော အထူး​ရေအား​ပြင်း​ အ​မြောက်များ​မှ မှုတ်ထုတ်​သော ဆိုး​ဆေး​ရည်များ​ကြောင့်​ ဆန္ဒပြ အမျိုး​သား​၊​ အမျိုး​သမီး​များ​ အလန့်​တကြား​ ထွက်​ပြေး​ခဲ့​ကြသည်။ ​

တောင်အာဖရိကတွင်လည်း​ ၁၉၈၉ ခုနှစ် နာမည်​ကျော် ခရမ်း​ရောင်မိုး​ရေ ဆန္ဒပြပွဲတွင်လည်း​ ယင်း​နည်း​လမ်း​ဖြင့်​ လူစုခွဲခဲ့​သည်။ ​တောက်​တောက်​ပြောင်​ပြောင် အ​ရောင်များ​ ​ပေကျံ​နေသူများ​ကို ရဲများ​အ​နေနှင့်​လည်း​ အလွယ်တကူ ​ခြေရာခံ ဖမ်း​ဆီး​နိုင်မည်ဖြစ်သည်။ အာဖရိက အ​ရှေ့​ပိုင်း​ နိုင်ငံတစ်ခုဖြစ်​သော ယူဂန္ဓာမှ သမ္မတ ယိုဝါရီ မူဆာဗီနီက ၎င်းအား​ ဆန့်​ကျင်ဆန္ဒပြ​သော အတိုက်အခံများ​ကို ဖြိုခွင်း​မှုများ​ကို ပိုမိုတိုး​မြှင့်​ ​ဆောင်ရွက်လာခဲ့​သည်။

မူဆာဗီနီသည် ယူဂန္ဓာကို ၂၅ နှစ်ကြာ အုပ်ချုပ်ခဲ့​ပြီး​ဖြစ်ရာ အာဏာရှင်ဆန်​သော အစိုး​ရကို အခြား​သော အာဖရိက နိုင်ငံအချို့​ကဲ့​သို့​ ပြည်သူများ​က ဆန္ဒပြကြခြင်း​ဖြစ်သည်။ အထူး​သဖြင့်​ ယူဂန္ဓာတွင် အစား​အ​သောက်နှင့်​ ​လောင်စာဆီ​ဈေး​များ​ ထိုး​တက်လာခြင်း​သည် ဆန္ဒပြမှုများ​၏ အဓိက အ​ကြောင်း​ရင်း​တစ်ခုလည်း​ ဖြစ်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here