အမျိုး​သမီး​များ​ အထင်ကြီး​စေဖို့​ မိ​ကျောင်း​မွေး​သည့်​ အ​မေရိကန်သား​

alt

အ​မေရိကန်နိုင်ငံမှ အမျိုး​သား​ တစ်ဦး​သည် အမျိုး​သမီး​များ​ ၎င်းကို အထင်ကြီး​ စိတ်ဝင်စား​စေရန်အတွက် မိ​ကျောင်း​တစ်​ကောင် ​မွေး​မြူထား​ကြောင်း​ သိရသည်။

ချီကာဂိုရှိ ဆင်​ခြေဖုံး​ ရပ်ကွက်တစ်ခုတွင် ​နေထိုင်​သော အဆိုပါ ပုဂ္ဂိုလ်က မိ​ကျောင်း​ခေါင်း​တိုကြီး​သည် ဆွဲ​ဆောင်မှုရှိ​စေ​သော အရာတစ်ခုဟု မှတ်ယူထား​သော်လည်း​ အာဏာပိုင်များ​ကမူ အန္တရာယ် အလွန်ကြီး​သော သား​စား​သတ္တဝါအဖြစ်သာ သတ်မှတ်ထား​သည်။ ဖို့​ဟိုက်တွင် ​နေထိုင်​သော ဒါဝိန်း​ယာဘရိုး​အား​ ရဲများ​က ၄ ​ပေအရှည်ရှိ မိ​ကျောင်း​ကြီး​အား​ တရား​မဝင် ​မွေး​မြူထား​မှုအတွက် ဖမ်း​ဆီး​ခဲ့​သည်။ မိ​ကျောင်း​ကြီး​မှာ ဒါဝိန်း​၏အိမ် မီး​ဖိုခန်း​တွင် သွား​လာလျက်ရှိသည်။

၎င်းက အိန္ဒိယ လူမျိုး​တစ်ဦး​ထံမှ အဆိုပါ မိ​ကျောင်း​ကို လွန်ခဲ့​သည့်​ ၅ နှစ်ကတည်း​က ​ဒေါ်လာ ၂၀၀ ဖြင့်​ ဝယ်ယူခဲ့​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ဒါဝိန်း​သည် မိ​ကျောင်း​ကြီး​ အလွန်ကြီး​မား​သန်စွမ်း​လာမှု မရှိ​စေရန် ​သေး​ငယ်​သော ​လှောင်အိမ်တစ်လုံး​တွင် ထား​ရှိပြီး​ တစ်လလုံး​နေမှ ကြွက် ၁၀ ​ကောင်မျှသာ ​ကျွေး​မွေး​ခဲ့​ကြောင်း​ ရဲများ​ထံ ထွက်ဆိုခဲ့​သည်။

ယခုမိ​ကျောင်း​ကြီး​ကို အိမ်တွင် ​မွေး​ထား​ရဲသည့်​အတွက် အမျိုး​သမီး​များ​က ၎င်းကို အထင်ကြီး​ကြ​ကြောင်း​လည်း​ ဒါဝိန်း​ကဆိုသည်။ မိ​ကျောင်း​ကြီး​ကို အာဏာပိုင်များ​က သား​ရိုင်း​တိရစ္ဆာန် ​စောင့်​ရှောက်​ရေး​ အဖွဲ့​များ​လက် လွှဲ​ပေး​လိုက်ပြီး​ဖြစ်သည်။

ဒါဝိန်း​ကို အန္တရာယ် ဖြစ်​စေ​သော တိရစ္ဆာန်အား​ လက်ဝယ်ထား​ရှိမှုဖြင့်​ တရား​စွဲထား​ပြီး​ ဇူလိုင် ၅ ရက်​နေ့​တွင် ရုံး​တင်မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here