CSI ဇာတ်​ဆောင် မက်ဟယ်ဂျန်ဘာဂျာ၏ ​ပြောဆိုမှုအား​ ဂျက်စတင်ဘီဘာ ပြန်လည်တုန့်​ပြန်

alt

မိမိအား​ လူရှုပ်လူ​ပွေ​လေး​အဖြစ် ​ပြောဆိုခဲ့​သည့်​ CSI: Crime Scene Investigation ဇာတ်​ဆောင် မက်ဟယ်ဂျန်ဘာဂျာအား​ ဂျက်စတင်ဘီဘာက ပြန်လည် တုန့်​ပြန်လိုက်​ကြောင်း​ သိရသည်။

အသက် ၁၇ နှစ်ရှိ က​နေဒါ Popဂီတ ကြယ်ပွင့်​လေး​သည် နာမည်​ကျော် TVစီး​ရီး​ ဇာတ်လမ်း​တွင် ​သေနတ်ဖြင့်​ ပစ်သတ်ခံရသည့်​ ဆိုး​ပေ​လေး​ ​ဂျေဆန်မက်ကန်း​အဖြစ် ဧည့်​သည်အ​နေနှင့်​ ပါဝင်သရုပ်​ဆောင်​ပေး​ခဲ့​သည်။ မိမိအား​ ​ဝေဖန်မှုသည် ခပ်ညံ့​ညံ့​ ပြက်လုံး​မျိုး​သာ​ဖြစ်ပြီး​ မိမိသည် ထိုကဲ့​သို့​ မှတ်ချက်များ​အတွက် အ​ရေး​စိုက်​နေမည် မဟုတ်ဟု ဘီဘာက Twitterတွင် ​ရေး​သား​ခဲ့​သည်။

မက်သည် ထိုဇာတ်ကား​တွင် CSI အထူး​စုံ​ထောက် ကက်သရင်း​ဝီလိုအဖြစ် သရုပ်​ဆောင်ထား​သည်။ သူမက ဘီဘာသည် ရိုက်ကွင်း​တွင် ​ခေတ္တသာ ရှိခဲ့​သော်လည်း​ ပရိုဂျူဆာ တစ်ဦး​အား​ ဗီဒိုထဲထည့်​ ​သော့​ပိတ်ခဲ့​သလို ကိတ်မုန့်​တစ်လုံး​ကိုလည်း​ ဖျက်ဆီး​ခဲ့​သော လူရှုပ်​လေး​ဟု ​ပြောကြား​ခဲ့​သည်။

အသက် ၅၂ နှစ်ရှိ မက်က ဘီဘာအား​ အလွန်ဆိုး​သွမ်း​သည့်​ စရိုက်မျိုး​ရှိသည်ဟု မဆိုလိုခဲ့​ကြောင်း​၊​ သို့​သော်လည်း​ Babyစတား​ လူငယ်​လေး​သည် ညစ်ကျယ်ကျယ်နှင့်​ ခပ်ရှုပ်ရှုပ် ​နေတတ်သူဖြစ်​ကြောင်း​ မှတ်ချက်ပြုခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here