ဗြိတိန်ဘုရင်မကြီလည်း iPad ပရိသတ်တစ်ဦးဖြစ်

alt

ဗြိတိသျှ ဘုရင်မကြီးသည်လည်း Appleကုမ္ပဏီထုတ် iPad၏ ပရိသတ် တစ်ဦးဖြစ်ကြောင်း သိရသည်။

မင်းသား ဝီလျံနှင့် ဟယ်ရီတို့ထံမှတဆင့် iPadကွန်ပျူတာ အသုံးပြုနည်းကို တတ်မြောက်သွားပြီးနောက် အလွန်သဘောကျသွားသော ဘုရင်မကြီးသည် သူမကိုယ်ပိုင် စုဆောင်းထားသည့် ပစ္စည်းများအတွင်း iPadတစ်လုံးပါ ပါ၀င်လာစေရန် နန်းတော်ရှိ ဝန်ထမ်းများအား အမိန့်တော် ချမှတ်လိုက်သည်။

အသက် ၈၅ နှစ် ရှိပြီဖြစ်သော ဘုရင်မကြီးသည် iPadကို အသုံးပြုရင်း အင်တာနက်သုံးခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် ဂိမ်းဆော့ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ တော်ဝင်မိသားစု အတွင်းလူ တစ်ဦးက ဘုရင်မကြီးသည် နည်းပညာကို မျက်ခြေပြတ်နေသူ မဟုတ်ဘဲ စမတ်ဖုန်းတစ်လုံးအပြင် iPodများလည်း ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့သည်။ ဘုရင်မကြီးပိုင် iPodတစ်လုံးမှာ ၂၀၀၉ ခုနှစ်က အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

The Sun သတင်းစာက ဘုရင်မကြီး ၂၀၀၅ ခုနှစ်က ဝယ်ယူခဲ့သော iPodတစ်လုံးမှာမူ သီချင်းပုဒ်ရေ ၁၅၀၀ ကျော် ထည့်သွင်းထားပြီး ဘုရင်မကြီး ခရီးသွားသည့် အခါတိုင်း ယူဆောင်သွားလေ့ရှိကြောင်း ဖော်ပြခဲ့သည်။

Apple၏ Touchscreen နည်းပညာသုံး Tabletကွန်ပျူတာဖြစ်သည့် iPadသည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး နည်းပညာပစ္စည်းတစ်မျိုး ဖြစ်လာပြီး ကမ္ဘာအနှံ့ အလုံးရေ သန်း ၂၀ ကျော် ရောင်းချထားရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here