ချာလီ​ရှင်း​အား​ Two and a Half Man ဇာတ်ကား​ ရိုက်ကူး​မှုမှ ထုတ်ပယ်လိုက်

alt

​ဟောလီး​ဝုဒ်မင်း​သား​ ချာလီရှင်း​က ၎င်းအား​ Two and a Half Man ဇာတ်ကား​ ရိုက်ကူး​ရေး​ အစီအစဉ်မှ ထုတ်ပယ်လိုက်ခြင်း​မှာ တရား​ဥပ​ဒေ​ကြောင်း​အရ အကျံုး​မဝင်​ကြောင်း​ ​ဝေဖန်​ပြောကြား​လိုက်သည်။

အသက် ၄၅ နှစ်အရွယ် မင်း​သား​က ၎င်းနှင့်​ ယခင်လက်တွဲခဲ့​သည့်​ CBSနှင့်​ Warner Brosတို့​အား​ ပြင်း​ပြင်း​ထန်ထန် ရှုတ်ချလိုက်သည်။ Sheen’s Korner အင်တာဗျူး​ အစီအစဉ်တွင် ၎င်းက Warner Bros၏ ဆုံး​ဖြတ်ချက်သည် အ​ခြေအမြစ်မရှိဘဲ လက်မခံနိုင်စရာဖြစ်​ကြောင်း​ ​ပြောဆိုသွား​သည်။

ထို့​အပြင် မတ်လ ရ ရက်​နေ့​က ထုတ်ပြန်ခဲ့​သည့်​ Warner Bros၏ ​ကြေညာချက်သည် တရား​မဝင်ဟုလည်း​ ရှင်း​က ​ဝေဖန်သွား​သည်။ ထို့​အပြင် ရှင်း​က CBS၏ ဥက္ကဌ လက်စ်မွန်း​ဗက်၊​ Warner Bros ဥက္ကဌ ဘရုရိုဆနဘလမ်း​နှင့်​ Two and a Half Man ဇာတ်ကား​အတွက် အမှု​ဆောင် ပရိုဂျူဆာ ချန့်​လော်ရီတို့​ကိုပါ တိုက်ခိုက်​ပြောဆိုသွား​သည်။

သို့​သော်လည်း​ ရှင်း​က Warner Bros၏ အခြား​သော ဥက္ကဌတစ်ဦး​ဖြစ်သူ ပီတာ​ရော့​ကိုမူ ချီး​ကျူး​ပြောဆိုသွား​ပြီး​ ​ရော့​နှင့်​ အတူတကွ အလုပ်တွဲလုပ်ခွင့်​ ရခဲ့​ခြင်း​ကို ဂုဏ်ယူပြီး​ ယင်း​ကာလများ​ကို အမြဲအမှတ်ရ​နေမည်ဟု ဖွင့်​ဟသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here