အမေရိ​ကန်တွင် လူသား​နို့ရည်ဖြင့် ချိစ်များပြုလုပ်

alt

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် လူသားနို့ရည်ဖြင့် ချိစ်များပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြပွဲတွင် အဆိုပါချိစ် Sampleများကို မြည်းစမ်းခွင့်ပေးခဲ့သည်။

အရသာနှင့် ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုး ပေးခဲ့ကြပြီး အချို့ကလည်း ဇဝေဇဝါ ဖြစ်နေကြသည်။ Lady Cheeseအမည်ရှိ စားသောက်ကုန် ဆိုင်က နယူးယောက်မြို့ရှိ ဘွဲ့ကြိုကျောင်းသူတစ်ဦးဖြစ်သော မီရီယမ် ဆီမွန်၏ စိတ်ကူးဖြင့် ယခုချိစ်များကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

အချို့က စိတ်ကူးသစ်ချိစ်ကို ကြိုက်သော်လည်း အချို့က မနှစ်သက်ကြောင်း မီရီယမ်ကဆိုသည်။ သူမသည် နို့ထိန်းအမျိုးသမီး ၃ ဦး၏ နို့ရည်ကို ရယူကာ ချိစ်အဖြစ် ဖန်တီးခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး ၃ ဦး၏ နို့ရည်အလိုက် မတူညီသော ချိစ်Sampleများကို ခင်းကျင်းပြခဲ့ခြင်းဖြစ်သည်။

မီရီယမ်က လူတစ်ဦး၏ နေထိုင်စားသောက်မှု စရိုက်အရ နို့ရည်အရသာ ကွဲပြားမှုကို ချိစ်များတွင် လေ့လာဆန်းစစ်ခဲ့သည်။ အသီးအရွက် များများစားသော အမျိုးသမီး၏ နို့ရည်ဖြင့် ပြုလုပ်ထားသော ချိစ်ကို အများစုက နှစ်သက်ကြောင်း မီရီယမ်ကဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း နယူးယောက်မှ စားဖိုမှူး တစ်ဦးသည် ၎င်း၏ စားသောက်ဆိုင်တွင် ယင်း၏ဇနီးသည်ထံမှ ရရှိသော နို့ရည်ဖြင့် ချိစ်များပြုလုပ်ကာ ရောင်းချခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here