ဗြိတိန်ထောက်​လှမ်းရေး​အတွက် သတင်းပေး​လုပ်သူမှာ အယ်ကေးဒါး​တို့၏ လုပ်ကြံရေး​သမားဖြစ်နေ

alt

ဂွာတီနာမို အကျဥ်းထောင်ကြီးတွင် အကျဥ်းကျခံရဖူးပြီး ဗြိတိသျှ ထောက်လှမ်းရေးဌာနအတွက် သတင်းပေးအဖြစ် ဆောင်ရွက်နေသူ တစ်ဦးသည် အယ်ကေးဒါး အကြမ်းဖက်အဖွဲ့ကြီး၏ လုပ်ကြံရေးသမားတစ်ဦး ဖြစ်နေကြောင်း Guardian သတင်းစာက ဖော်ပြလိုက်သည်။

အယ်ဂျီးရီးယား နိုင်ငံသား အဒီဟာဒီ အယ်ဂျာဇီရီ ဘင်ဟမ်လီလီသည် ဗြိတိသျှ ထောက်လှမ်းရေး ဌာနအတွက် သတင်းပေးတစ်ဦးအဖြစ် လုပ်ကြံနေခဲ့သူဖြစ်သည်။ ၎င်းသည် အယ်ကေးဒါးတို့အတွက် ပြန်ပေးဆွဲခြင်း၊ လူသတ်ခြင်းစသည့် လက်မရွံ့လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း အရှိန်အဝါ ကြီးမားသည့် သတင်းစာကြီးက ဖွင့်ဟခဲ့သည်။

၎င်းသည် ၂၀၀၃ ခုနှစ်က ပါကစ္စတန်တွင် အဖမ်းခံရပြီးနောက် ကျူးဘားရှိ ဂွာတီနာမို ထောင်ကြီးသို့ ပို့ဆောင်ခံခဲ့ရသည်။ နောက်ပိုင်းတွင် အယ်ဂျီးရီးယားသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးတို့သည် ဟမ်လီလီထံမှ ၎င်း၏ အကြမ်းဖက်မှုဆိုင်ရာ လှုပ်ရှားမှုများအတွက် သတင်းရယူမှုများ ရှိခဲ့ကြောင်း သိရသည်။

Guardianက ဟမ်လီလီသည် ထောက်လှမ်းရေး အေဂျင်စီများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ရင်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သို့ ရောက်ရှိခဲ့သည်။ ယခုအခါ အယ်ဂျီးရီးယားတွင် ရှိနေသော ဟမ်လီလီနှင့် ပတ်သက်၍ အယ်ဂျီးရီးယား အာဏာပိုင်များက ၎င်းကို စွဲချက်တင်မည်၊ သို့မဟုတ် လွှတ်ပေးမည်ဆိုသည်ကို ကွဲပြားစွာ မသိရသေးကြောင်း Guardianက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here