Microsoft က Skype ကို ဝယ်ယူရန် ဆွေးနွေးနေဟုဆို

alt

Microsoft အနေနှင့် Skype ကို ဝယ်ယူရန် ဆွေးနွေးနေကြောင်း သိရသည်။

ကမ္ဘာကျော် နည်းပညာ လုပ်ငန်းကြီးသည် အင်တာနက် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှု လုပ်ငန်း၏ ပိုင်ဆိုင်မှု အဝဝကို ဒေါ်လာ ၈.၅ ဘီလျံဖြင့် ဝယ်ယူရန် စီစဥ်နေသည်။ Microsoft ရော၊ Skype ကပါ ယင်းသတင်းကို မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

လူဇင်းဘတ်တွင် အခြေစိုက်သော Skypeတွင် တစ်ကမ္ဘာလုံး သုံးစွဲနေသူ ၆၆၃ သန်းကျော် ရှိနေသည်။ ပြီးခဲ့သည့် ဩဂုတ်လက Skypeသည် ရှယ်ယာများ ရောင်းချမည်ဟု ကြေညာခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်ဘဲ ဆက်လက်ရပ်တည်ခဲ့သည်။

အင်တာနက် လေလံဝက်ဆိုက် eBay သည် Skype ကို ၂၀၀၆ ခုနှစ်က ဒေါ်လာ ၂.၆ သန်းဖြင့် ဝယ်ယူခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၂ ဘီလျံဖြင့် ပြန်လည်ရောင်းချခဲ့သည်။ Skype ကို လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် တစ်စုက အဓိက ပိုင်ဆိုင်နေပြီး ယင်းအဖွဲ့ကို Silver Lake နှင့် Andreessen Horowitz အဖွဲ့များက ဦးဆောင်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here