ငါး​စား​​ခြင်း​က မျက်စိ​​ရောဂါများ​​ဖြစ်ပွား​​နိုင်​ခြေ​​လျော့​ကျ

alt

ငါး​စား​ခြင်း​သည် မျက်စိ​ရောဂါများ​ ဖြစ်ပွား​နိုင်​ခြေကို ​လျော့​ကျ​စေ​ကြောင်း​ သိရသည်။ ​

လေ့​လာမှုများ​က ပုံမှန် ငါး​စား​သည့်​ အမျိုး​သမီး​များ​သည် ကာလရှည်ကြာစွာ ဖြစ်ပွား​တတ်သည့်​ မျက်စိ​ရောဂါများ​ ဖြစ်ပွား​မှု ​လျော့​နည်း​သွား​တတ်​ကြောင်း​ ညွှန်ပြ​နေသည်။ အမျိုး​သမီး​ ကျန်း​မာ​ရေး​ ​လေ့​လာမှုအဖွဲ့​က ငါး​တွင် ပါဝင်​သော Omega-3 အဆီအက်ဆစ်သည် မျက်စိကို ပျက်ယွင်း​ထိခိုက်​စေမှုများ​အား​ ပမာဏ ကြီး​မား​စွာ ​လျော့​ကျသွား​စေတတ်သည်ဟု ရှင်း​လင်း​ဖော်ပြထား​ခဲ့​သည်။

ထို့​အပြင် အသက်အရွယ်​ကြောင့်​ မျက်လုံး​ကြွက်သား​များ​ ​လျော့​တွဲလာခြင်း​ကိုလည်း​ ဟန့်​တား​ပေး​နိုင်သည်ဟု သိရသည်။ အမျိုး​သမီး​ ၃၈၀၀၀ ​ကျော်၏ ​နေ့​စဉ်​နေထိုင်စား​သောက်မှု အ​လေ့​အထကို ၁၀ နှစ်ကြာ ​လေ့​လာမှုများ​နောက် Omega 3 အဆီအက်ဆစ်၏ မျက်စိနှင့်​ ပတ်သက်​သော ​ကောင်း​ကျိုး​ကို ပြည့်​ပြည့်​ဝဝ ​ဖော်ထုတ်နိုင်ခဲ့​ခြင်း​ဖြစ်သည်။

သု​တေသီများ​က ယင်း​အဆီအက်ဆစ်သည် မျက်စိ​ရောဂါများ​ကို ၃၈ ရာခိုင်နှုန်း​မျှ ဖြစ်နိုင်​ခြေ ​လျော့​ကျသွား​စေ​ကြောင်း​ ရှင်း​ပြခဲ့​သည်။ ဘာမင်ဂမ်ရှိ သု​တေသီ ဝီလျံခရစ်စတန်နှင့်​ ဟား​ဗက်​ဆေး​ကျောင်း​မှ သု​တေသီများ​ ပူး​တွဲပြုလုပ်​သော အဆိုပါ စစ်တမ်း​က ငါး​စား​မှုကို ပိုမိုပြုလုပ်သင့်​ကြောင်း​ နှိုး​ဆော်​နေပြီး​ တူနာငါး​များ​၊​ အသား​ရောင်ရင့်​သော ငါး​များ​သည် အာနိသင် ပိုများ​ကြောင်း​ ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here