ထိုင်ဝမ်​စစ်တပ်မှ အလုပ်ဖြုတ်ခံ​ရသည့်​ စစ်သား​များ​အား​ ပြည့်​တန်ဆာ ရှာ​ဖွေ​ရေး​တွင် အသုံး​ချ

alt

ထိုင်ဝမ်ရှိ ပြည့်တန်ဆာလုပ်ငန်း အသိုက်အဝန်းသည် မကြာသေးမီကမှ အလုပ်ဖြုတ်ခံရသည့် စစ်သားများကို အသက်မပြည့်သေးသည့် ပြည့်တန်ဆာများ ရှာဖွေစုဆောင်းရေးအတွက် အသုံးချခဲ့ကြောင်း သိရသည်။

ChinaSmack သတင်းဌာနက ယခုအခါ ပြိုကွဲသွားပြီဖြစ်သည့် အဆိုပါ အဖွဲ့ကြီးမှ ခေါင်းဆောင်ဖြစ်သော လီရှူဖန်နှင့် ခင်ပွန်းသည်တို့မှာ အလုပ်ပြုတ်လာသော စစ်သားများကို ဖက်ရှင်ကျနသည့် လူငယ်များအသွင်ယူစေကာ မိန်းကလေးများကို ငွေကြေး၊ မေတ္တာတို့ဖြင့် သိမ်းသွင်းခဲ့သည်။

၎င်းစစ်သားဟောင်းများကို Talent Scoutနှင့် ပရော်ဖက်ရှင်နယ် လုပ်ငန်းရှင်များပုံစံ ဟန်ဆောင်စေခဲ့ခြင်းဖြစ်သည်။ ထို့နောက် စုရုံးရရှိလာသည့် မိန်းကလေးများကို ပြည့်တန်ဆာ လုပ်ငန်းအတွက် ကျွမ်းကျင်သည့် နည်းပြများနှင့် သင်ကြားစေပြီး ယင်းတို့ကာမဆက်ဆံပုံများကိုလည်း မှတ်တမ်းဗီဒီယို ရိုက်ကူးခဲ့သည်။

အဆိုပါ ဗီဒီယိုများကို နောက်ထပ်စုဆောင်းရရှိမည့် မိန်းကလေးများအတွက် သင်ရိုးအဖြစ် ပြဌာန်းရန်ဖြစ်သည်။ ယခုအခါ ထိုင်ဝမ်ရဲတပ်ဖွဲ့က အဆိုပါ ပြည့်တန်ဆာ အသိုက်အဝန်းကို ဖော်ထုတ်ဖမ်းဆီးမိပြီးနောက် ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လာခဲ့သည်။ အချို့က စစ်သားဟောင်းများ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အချို့ကလည်း ဂျပန်၏ စည်းရုံးသိမ်းသွင်းမှု နည်းလမ်းများ လွှမ်းမိုးလာခြင်းဟု ပြောဆိုခဲ့ကြသည်။

သို့သော် အများစုက ဂျပန်၏ ပြည့်တန်ဆာ စုဆောင်းသည့် ပုံစံမျိုးနှင့် ထိုင်ဝမ်ကို မနှိုင်းယှဥ်သင့်ကြောင်းလည်းဆိုသည်။ တရုတ်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းတစ်ခုကို ကြီးကျယ်စွာ ခြယ်လှယ်လုပ်ကိုင်နေသူ နှစ်ဦးအား ဖမ်းဆီးရမိချိန်က သေဒဏ်ပေးခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here