ဇနီးသည် လမ်းခွဲတော့မည်ဟု အာနိုး ကြေညာ

alt

၂၅ နှစ်ကြာ ပေါင်းသင်းလာပြီးနောက် အာနိုးရှာဝါဇင်ဂျာတစ်ယောက် ဇနီးသည်နှင့် လမ်းခွဲတော့မည်ဟု ကြေညာလိုက်သည်။

ကယ်လီဖိုးနီးယား ပြည်နယ်​အုပ်ချုပ်ရေး​မှူးဟောင်း၊ ဟောလီးဝုဒ် ရုပ်ရှင်​မင်းသားနှင့် မောင်စကြာ​ဝဠာဟောင်းကြီး အာနိုး​သည် ယခုအခါ မာရီယာ ရှရီဗာနှင့် လမ်းခွဲတော့မည်ဟု အတည်ပြုခဲ့သည်။ အသက် ၅၅ နှစ်ရှိ မာရီယာနှင့် ၆၃ နှစ်အရွယ် အာနိုးတို့သည် တစ်မိုးတည်းအောက်တွင် အတူမနေကြတော့သည်မှာ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကတည်းကဟု သိရသည်။

နှစ်ဦးအတူ ထုတ်ပြန်လိုက်သည့် ကြေညာချက် တစ်ခုအရ မိမိတို့အကြား အပြန်အလှန် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မိမိတို့သည် သီးခြားနေထိုင်သွားခြင်းက ပိုမိုကောင်းမွန်သည်ဟု ယူဆကြောင်း၊ ကလေး ၄ ဦးအတွက် ရည်ရွယ်ပြီး မိမိတို့၏ ဆက်ဆံရေးကို ဆက်လက်တည်ထောင်ထားမည် ဖြစ်သော်လည်း အတူနေကြတော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ယင်းတို့နှစ်ဦးသည် ၁၉၈၆ ခုနှစ်က လက်ထပ်ခဲ့ပြီး ပြီးခဲ့သည့်လကမှ ငွေရတု အခမ်းအနား ဆင်နွှဲခဲ့သေးသည်။

အာနိုးနှင့် မာရီယာတို့တွင် အသက် ၂၁ နှစ်ရှိ ကက်သရင်း၊ ၁၉ နှစ်အရွယ် ခရစ်စတီးနား၊ ၁၇ နှစ်အရွယ် ပက်ထရစ်နှင့် ၁၃ နှစ်ရှိ ခရစ်စတိုဖာဆိုသော သားသမီး ၄ ဦးရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here