၂၀၅၀ ပြည့်​နှစ်တွင် အာရှတိုက်​သား​ ၃ ဘီလျံ လူချမ်း​သာ​စာရင်း​ဝင်မည်

alt

အာရှတိုက်မှ လူဦး​ရေ ၃ ဘီလျံ (သန်း​သုံး​ထောင်)​ကျော်မျှသည် ၂၀၅၀ ပြည့်​နှစ်တွင် လူချမ်း​သာစာရင်း​ဝင်များ​ ဖြစ်လာနိုင်​ကြောင်း​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ်မှ ​လေ့​လာသူများ​က သုံး​သပ်ခဲ့​သည်။

အာရှတိုက်၏ အရှိန်အဟုန်ဖြင့်​ တိုး​တက်လာမှု​ကြောင့်​ အလယ်အလတ် ဝင်​ငွေတွင် ကြန့်​ကြာပိတ်မိ​နေ​သော အ​နေအထား​ကိုပါ ​ကျော်ဖြတ်သွား​နိုင်​ကြောင်း​ ​လေ့​လာသူများ​ကဆိုသည်။ ထို့​အပြင် ကမ္ဘာ့​စီး​ပွား​ရေး​သည် လက်ရှိတွင် အာရှတိုက်အ​ပေါ် ၂၇ ရာခိုင်နှုန်း​ တည်မှီ​နေရ​သော်လည်း​ ၂၀၅၀ ပြည့်​နှစ်တွင် အဓိက အကျဆုံး​ မှီခိုရာ စီး​ပွား​ရေး​ရပ်ဝန်း​အဖြစ် ​ပြောင်း​လဲသွား​မည်ဟု ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။

ထိုအချိန်တွင် အာရှတိုက်ရှိ လူတစ်ဦး​ချင်း​စီ၏ ပျမ်း​မျှ GDPသည် ​ဒေါ်လာ ၃၈၆၀၀ မျှ ရှိလာမည်ဟုဆိုသည်။ ၂၀၅၀ အာရှဟု အမည်​ပေး​ထား​သော အစီရင်ခံစာကို ဘဏ်က ထုတ်ပြန်ခဲ့​ရာ အာရှတိုက်၏ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​မှု အရှိန်အဟုန် မြန်ဆန်လှသည့်​ တရုတ်၊​ အိန္ဒိယ၊​ အင်ဒိုနီး​ယား​နှင့်​ ဗီယက်နမ်တို့​သည် ​နောက်ထပ် ၁၀ နှစ်မျှ အကြာတွင်မူ တိုး​တက်နှုန်း​ အတန်ငယ် ​နွေး​ကွေး​သွား​နိုင်​ကြောင်း​လည်း​ ထည့်​သွင်း​ဖော်ပြထား​သည်။

သို့​သော်လည်း​ အာရှတိုက်တွင် ဆင်း​ရဲကြပ်တည်း​မှုများ​လည်း​ ဖြစ်​ပေါ်​နေနိုင်ပြီး​ ထိုအချိန်တွင် လူဦး​ရေ သန်း​ ၉၀၀ မျှသည် လျှပ်စစ်မီး​ မရဘဲ ​နေထိုင်ရသည့်​ အ​ခြေအ​နေမျိုး​ ဖြစ်နိုင်​ကြောင်း​လည်း​ အစီရင်ခံစာက ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here