ကမ္ဘာ့​​တန်ဖိုး​​အကြီး​​မား​ဆုံး​ တိဘက်​ခွေး​

alt

အနီ​ရောင် မက်စတစ် တိဘက်​ခွေး​လေး​ တစ်​ကောင်သည် ကမ္ဘာ​ပေါ်တွင် တန်ဖိုး​အကြီး​ဆုံး​ ​ခွေး​က​လေး​ ဖြစ်လာခဲ့​သည်။

​ကျောက်မီး​သွေး​ တွင်း​ပိုင်ရှင် တစ်ဦး​က ယင်း​ကို ​ပေါင်စတာလင် တစ်သိန်း​နီး​ပါး​ပေး​ကာ ဝယ်ယူခဲ့​ခြင်း​ကြောင့်​ ​ဟောင်​ဒေါင်အ​နေနှင့်​ ဂုဏ်တက်စရာ ဖြစ်ခဲ့​သည်။ သန်း​ပေါင်း​များ​စွာ ကြွယ်ဝ​သော တရုတ်သူ​ဌေး​က ၁၁ လသား​ ​ခွေး​လေး​ကို ​ဟောင်​ဒေါင် ( Big Splash )ဟု အမည်​ပေး​ထား​သည်။

၎င်းနှင့်​ မျိုး​နွယ်တူ ​ခွေး​များ​အနက် အလှဆုံး​ ​ခွေး​လေး​တစ်​ကောင် ဖြစ်သည့်​အတွက် ​ဟောင်​ဒေါင်၏ တန်​ကြေး​မှာ မျှတ​ကြောင်း​ ယင်း​ကို ပျိုး​ထောင်ခဲ့​သည့်​ လျူလီအန်း​က ​ပြောကြား​သွား​သည်။ ယင်း​ခွေး​လေး​အား​ ကြက်သား​နှင့်​ အမဲသား​တို့​ကို ပုံမှန်​ကျွေး​မွေး​ထား​ပြီး​နောက် ကီလိုဂရမ် ၈၀ ထိ ထွား​ကြိုင်း​လာသည်။

​ပေါင်စတာလင် ၉၄၅၀၀၀ ကျသင့်​သော ​ခွေး​လေး​သည် ကီလိုဂရမ် ၁၃၀ ထိ ထွား​ကြိုင်း​လာမည်ဟု ပိုင်ရှင်ဖြစ်သူက ​မျှော်လင့်​ထား​ပြီး​ ယင်း​အတွက် အိမ်ကြီး​ကြီး​တစ်လုံး​ ​ဆောက်​ပေး​ရန် စီစဉ်လျက်ရှိသည်။ ​ဟောင်​ဒေါင် မတိုင်မီက ခြ​င်္သေ့​နီဟု အမည်​ပေး​ထား​သော မစ်စတက် ​ခွေး​လေး​တစ်​ကောင်သည် ကမ္ဘာ့​ဈေး​အကြီး​ဆုံး​ ​ခွေး​အဖြစ် ​ပေါင်စတာလင် ၉၁၅၀၀၀ ဖြင့်​ ယမန်နှစ်က စံချိန်တင်ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here