လိင်ဆက်ဆံမှုဖြင့်​ အမျိုး​သား​များ​ အသက်ပိုရှည်နိုင်

alt

အမျိုး​သား​များ​အ​နေနှင့်​ လိင်ဆက်ဆံမှု​ကြောင့်​ အသက်ပိုရှည်ရန် အခွင့်​အလမ်း​ရှိ​ကြောင်း​ သိရှိရသည်။

သု​တေသီများ​က ယင်း​အကျိုး​ဆက်သည် မိမိ၏ လက်တွဲ​ဖော်ကို သစ္စာရှိရှိ လိင်ဆက်ဆံ​နေသည့်​ အမျိုး​သား​များ​တွင်သာ ​တွေ့​ရှိနိုင်​ကြောင်း​လည်း​ ​ပြောဆိုခဲ့​သည်။ အီတလီ ​ဆေး​ပညာ သု​တေသီများ​က အမျိုး​သား​များ​အတွက် ကျန်း​မာ​ပျော်ရွှင်​သော လိင်မှုဘဝသည် နှလုံး​နှင့်​ ဆက်စပ်​သော ​ရောဂါများ​ကို ကင်း​ဝေး​စေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

လက်တွဲ​ ဖော်နှင့်​ သစ္စာရှိရှိ ​ပျော်ရွှင်ကြည်နူး​စွာ လိင်မှုသုခ ​ရေရှည်ခံစား​နိုင်ခြင်း​သည် ပိုမိုအသက်ရှည်စွာ ​နေထိုင်နိုင်မည့်​ နည်း​လမ်း​ဖြစ်​ကြောင်း​ သု​တေသီ တစ်ဦး​ ဖြစ်​သော အီမန်နူလီဂျန်နီနီက ရှင်း​ပြခဲ့​သည်။

သူမက လိင်မှုမှီဝဲစဉ် အမျိုး​သား​များ​ ထုတ်လွှတ်​ပေး​သည့်​ Testosterone ​ခေါ် အဖိုဟိုမုန်း​သည် အမျိုး​ သား​များ​အတွက် ကျန်း​မာ​ရေး​အတွက် ​ကောင်း​မွန်​စေ​ကြောင်း​၊​ အဘယ်​ကြောင့်​ဆို​သော် ယင်း​သည် ခန္ဓာကိုယ်ရှိ သကြား​ဓာတ်ကို ​ချေဖျက်​ပေး​ပြီး​ နှလုံး​ ရောဂါ ဖြစ်နိုင်​စေကို ​လျော့​ကျ​စေ၍ဖြစ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ထို့​အပြင် ဆီး​ချို​ဝေဒနာရှင် အမျိုး​သား​များ​သည်လည်း​ ကျန်း​မာ​သော လိင်မှုမှီဝဲခြင်း​ဖြင့်​ အကျိုး​ထူး​ဖြစ်​စေနိုင်​ကြောင်း​ သူမက ​ပြောဆိုခဲ့​သည်။ ယခုသု​တေသန စစ်တမ်း​ကို အီတလီ လိင်မှု​ဆေး​ပညာဌာနက စီမံအ​ကောင်အထည်​ဖော်ခဲ့​ခြင်း​ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here