အိုစမာဘင်လာဒင် လိင်အား​တိုး​ဆေး​များ​သုံး​စွဲခဲ့​သည်ဟု ၎င်း၏ဇနီး​သည် ဖွင့်​ဟ​ပြောကြား​

alt

အိုစမာ ဘင်လာဒင်သည် လိင်အား​တိုး​ဆေး​များ​ သုံး​စွဲခဲ့​ကြောင်း​ ၎င်းနှင့်​ ​နောက်ဆုံး​အချိန်ထိ အတူ​နေခဲ့​သော ဇနီး​သည်က ဖွင့်​ဟ​ပြောကြား​လိုက်သည်။

ဘင်လာဒင်၏ ပဥ္စမ​မြောက် ဇနီး​သည်ဖြစ်​သော အမယ်အယ် ဆာဒါး​က ဘင်လာဒင်သည် ကိုယ်ပိုင်ဗဟုသုတအရ မှတ်သား​ထား​သော ​ဆေး​ဝါး​များ​ကို အလွန်ယုံကြည်​ကြောင်း​ အ​မေရိကန် စစ်တပ်က ဝင်​ရောက်စီး​နင်း​စဉ် ​ခြေ​ထောက်ကို ​သေနတ်ထိမှန်ခဲ့​သည့်​ အမျိုး​သမီး​ကဆိုသည်။ ထို့​အပြင် သတင်း​များ​က ​ဖော်ပြ​နေသလို ဘင်လာဒင်သည် ​ကျောက်ကပ်သန့်​စင်မှု ပြုလုပ်​နေရသည်ဆိုခြင်း​ကို ဆာဒါး​က ငြင်း​ဆိုသွား​ပြီး​ ဘင်လာဒင်အတွက် အမှန်တကယ် လိုအပ်​နေသည်မှာ လိင်အား​ကောင်း​စေသည့်​ ​ဆေး​ပင်​ဆေး​ဝါး​များ​ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ယီမင်အမျိုး​သမီး​က ဘင်လာဒင်သည် လွန်ခဲ့​သော ဆယ်စုနှစ်အတွင်း​က ​ကျောက်ကပ်ခွဲစိတ်မှု ခံယူခဲ့​ပြီး​နောက် ​ကျောက်ကပ်​ဝေဒနာ လုံး​ဝမခံစား​ရ​တော့​ဟုဆိုသည်။ ၂၀၀၂ ခုနှစ် ဇန်နဝါရီလက ထိုအချိန်တွင် ပါကစ္စတန် သမ္မတ ပါဗက်မူဆာရက်က အကြမ်း​ဖက်​ခေါင်း​ဆောင်ကြီး​ ဘင်လာဒင်သည် ​ကျောက်ကပ်ပျက်စီး​မှု​ကြောင့်​ ​သေဆုံး​သွား​ပြီဟု ယုံကြည်ရ​ကြောင်း​ ​ပြောကြား​ခဲ့​သေး​သည်။

သို့​သော် ယခုအခါ ဘင်လာဒင်သည် မူလခန့်​မှန်း​သကဲ့​သို့​ ​ကျောက်ကပ်ချွတ်ယွင်း​မှု မရှိ​ကြောင်း​လည်း​ ​ဆေး​ပညာ ကျွမ်း​ကျင်သူများ​က အတည်ပြု​ပေး​ခဲ့​သည်။ အသက် ၂၉ နှစ်ရှိ ဆာဒါး​က ဘင်လာဒင်သည် အား​နည်း​မှု၊​ နာမကျန်း​မှုဟု ​ပြောဆိုခဲ့​သော်လည်း​ ၎င်း၏ ​နေအိမ်ဝင်း​အတွင်း​ ​ရောဂါအမျိုး​မျိုး​အတွက် အသုံး​ဝင်သည့်​ ​ဆေး​ဖက်ဝင် အပင်များ​ စိုက်ပျိုး​ထား​သည်ကို အ​မေရိကန် စစ်တပ်က ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။

ထိုအပင်များ​အနက် Avena syrupအမည်ရှိ အပင်တစ်မျိုး​လည်း​ ပါဝင်ပြီး​ ယင်း​သည် သဘာဝ ကာမအား​တိုး​ဆေး​တစ်လက်အဖြစ် အသုံး​ဝင်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here