​ဆေး​ရုံ​ကား​ကို ​မောင်း​ယူ​သွား​မိသည့်​ အရက်မူး​​သမား​ ကား​ခိုး​​မှုဖြင့်​ တရား​​စွဲခံရ

alt

အ​မေရိကန်နိုင်ငံရှိ အရက်သမား​ တစ်ဦး​သည် မူး​မူး​နှင့်​ ​ဆေး​ရုံကား​ကို ​မောင်း​ယူသွား​ခြင်း​ကြောင့်​ ကား​ခိုး​မှုနှင့်​ တရား​စွဲခံထား​ရ​ကြောင်း​ သိရသည်။

ကန်တက်ကီရှိ ဟား​ဇက်တွင် ​နေထိုင်​သော အသက် ၂၆ နှစ်အရွယ် ရှိန်း​ဟေလီသည် အရက်မူး​နေချိန်တွင် အိမ်ပြန်ရန်အတွက် ​ဆေး​ရုံကား​ကို ​မောင်း​သွား​ခြင်း​ဖြစ်​ကြောင်း​ မြို့​နယ်ရဲတပ်ဖွဲ့​မှ ရန်ဒီ​နေပါက ​ပြောကြား​ခဲ့​သည်။ ​ဟေလီ ကား​ကို ​မောင်း​သွား​စဉ်တွင် ​ဆေး​ရုံကား​တွင် တာဝန်ယူရ​သော အဖွဲ့​သည် ​ဆေး​ရုံထဲသို့​ ဝင်​နေချိန်ဖြစ်သည်။ မိနစ်အနည်း​ငယ်မျှသာ ကြာမည်ဖြစ်သဖြင့်​ ထိုအဖွဲ့​သည် ကား​သော့​ကို ​ဆေး​ရုံကား​ထဲတွင်ပင် ချန်ထား​ခဲ့​သည်။

ရဲတပ်ဖွဲ့​သည် ကား​ခိုး​မှုဖြင့်​ တိုင်ကြား​ချက်ကို လက်ခံရရှိပြီး​နောက် လိုက်လံစုံစမ်း​မှုများ​ ပြုလုပ်​နေစဉ်ပင် ​ဟေလီက ကား​ကို လာ​ရောက်အပ်နှံခဲ့​ခြင်း​ဖြစ်သည်။ ၎င်းက မူး​နေချိန်တွင် အိမ်ပြန်ရန်သာ စိတ်ထဲအာရုံ​ရောက်​နေပြီး​ ​တွေ့​ရာကား​ကို ယူ​မောင်း​လာမိ​ကြောင်း​ ဝန်ခံခဲ့​သည်။

ထို့​အပြင် ၎င်းသည် ​နောက်တစ်​နေ့​တွင် ကား​ယူလာသည့်​ ​ဆေး​ရုံသို့​ ဆက်သွယ်ကာ ပြန်လည်အပ်နှံခဲ့​ကြောင်း​ ​ပြောဆိုထား​သော်လည်း​ ကား​ခိုး​မှု၊​ အရက်မူး​ပြီး​ ကား​မောင်း​မှုများ​ဖြင့်​ ​ထောင်ဒဏ်ကျခံရန် နီး​စပ်​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here