​ဒေး​ဗစ်ဘက်ခမ်း​ ယာဉ်မ​တော်တဆမှုကြံု

alt

ထိတ်လန့်​ဖွယ် ယာဉ်မ​တော်တဆမှုတစ်ခု ကြံုခဲ့​သော်လည်း​ ​ဒေး​ဗစ်ဘက်ခမ်း​တစ်​ယောက် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့​ဟု သိရသည်။

အ​မေရိကန်နိုင်ငံ၊​ ​လော့​စ်အိန်ဂျယ်လိစ်မြို့​ ကား​လမ်း​တစ်ခု​ပေါ်တွင် ဖြစ်ပွား​သော မ​တော်တဆမှု တစ်ခုတွင် ဘက်ခမ်း​အ​နေနှင့်​ ပါဝင်ခဲ့​သော်လည်း​ မည်သည့်​ထိခိုက်မှုမျှ မရှိခဲ့​ကြောင်း​ ၎င်းနှင့်​ ရင်း​နှီး​သူများ​က TMZသတင်း​ဌာနသို့​ ​ပြောကြား​ခဲ့​သည်။

တိုရန့်​အနီး​ အမှတ် ၄၀၅ လမ်း​မ​ပေါ်တွင် ​ရွှေ​ရောင် Mitsubishiကား​ ​မောင်း​လာသူ တစ်ဦး​သည် ဘရိတ်​ပေါက်ရာမှာ ကား​ကိုမထိန်း​နိုင်ဘဲ ဘက်ခမ်း​၏ကား​ ​နောက်ပိုင်း​ကို ဝင်တိုက်မိခြင်း​ဖြစ်​ကြောင်း​ သိရသည်။

ဘက်ခမ်း​သည် တစုံတရာ ဒဏ်ရာမရခဲ့​သော်လည်း​ တစ်ဖက်မှ ယာဉ်​မောင်း​ကိုမူ ​ဆေး​ရုံပို့​လိုက်ရသည်။ သို့​သော် ၎င်းသည်လည်း​ လည်ပင်း​နာကျင်မှု ခံစား​ရသည့်​ အ​သေး​စား​ ဒဏ်ရာသာ ရရှိခဲ့​သည်ဟုဆိုသည်။

TMZက ကား​ပေါ်တွင် ဘက်ခမ်း​၏ အကြီး​ဆုံး​သား​ အသက် ၁၂ နှစ်အရွယ် ဘရွတ်ကလင်း​လည်း​ လိုက်ပါလာပြီး​ ၎င်းလညး​ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဟု ​ဖော်ပြခဲ့​သည်။ ဘက်ခမ်း​၏ ​အေး​ဂျင့်​ကမူ ယင်း​အတွက် မှတ်ချက်မ​ပေး​ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here