ဘင်လာဒင်​ခိုအောင်းနေထိုင်ခဲ့မှုကို ပါကစ္စတန်​ကြိုတင်သိနေခဲ့ဟု အာဖဂန်နစ္စတန်​အစိုးရ စွပ်စွဲပြောကြား

alt

အာဖဂန်နစ္စတန် အစိုးရက အိုစမာ ဘင်လာဒင် ပါကစ္စတန်နိုင်ငံထဲတွင် ခိုအောင်းနေသည်ကို ပါကစ္စတန် အစိုးရအနေနှင့် ကြိုတင်သိရှိခဲ့ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

အစ္စလာမ်မာဘတ် မြို့တော်နှင့် အလွန်နီးကပ်ပြီး စစ်သင်တန်းကျောင်းရှိသဖြင့် စစ်တပ်များ ဥဒဟို လှုပ်ရှားနေသည့် နေရာတစ်ခုတွင် ကမ္ဘာ့အကြီးကျယ်ဆုံး အကြမ်းဖက်ခေါင်းဆောင်ကြီး လာရောက်ခိုအောင်းနေသည်ကို အစိုးရအနေနှင့် မသိနိုင်စရာမရှိဟု အာဖဂန်အစိုးရက စွပ်စွဲလိုက်သည်။

အာဖဂန်နှင့် ပါကစ္စတန်တို့သည် တာလီဘန် တပ်ဖွဲ့များကို နယ်စပ်တွင် ပါကစ္စတန်က စစ်ဆင်ရေး ပြုလုပ်နေသော်လည်း မအောင်မြင်သဖြင့် အာဖဂန်က ဝေဖန်ခဲ့ရာမှ ဆက်ဆံရေး မပြေလည်ကြချေ။ ယခုအခါ ပါကစ္စတန်မြေတွင် ဘင်လာဒင်အား အသေဖမ်းမိခဲ့ခြင်းမှာ ပါကစ္စတန်အနေနှင့် ကြိုမသိနိုင်စရာ လုံးဝမရှိဟု အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် မိုဟာမက်ဇာဟာအဇီမီက ထောက်ပြခဲ့သည်။

ပါကစ္စတန်ကဲ့သို့ ထောက်လှမ်းရေး ထက်မြက်သော နိုင်ငံမဟုတ်ဘဲ အင်အားနည်းပါးသည့် အစိုးရ၊ အရည်အသွေး ညံ့ဖျင်းသည့် ထောက်လှမ်းရေးတို့ ရှိနေလျင်ပင် တသီးတသန့် တခမ်းတနား လာရောက်နေထိုင်သော နေအိမ်တစ်လုံးကို ယခင်ကတည်းက သတိမပြုမိဘဲ နေမည်မဟုတ်ဟု အဇီမီကဆိုသည်။

ထို့အပြင် ယင်းအခြေအနေသည် အလွန်မေးခွန်းထုတ်သင့်သော ကျယ်ပြန့်နက်ရှိုင်းသည့် ပဟေဠိဟု အဇီမီက ပြောကြားသွားသည်။ ကမ္ဘာအရပ်ရပ်မှ လေ့လာသူများထံမှလည်း အလားတူ မှတ်ချက်များ ထွက်ပေါ်နေပြီး ယင်းကို ပါကစ္စတန် အစိုးရက မည်သည့်ဖြေရှင်းချက်မှ မထုတ်ပြန်သေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here