ဟေတီရှိ ​ကျောင်း​တစ်​ခုအား​ ပြန်လည်​တည်​ဆောက်ရန် ရှာကီယာ ​ငွေလှူဒါန်း​

alt

ရှာကီယာက ​ဟေတီရှိ ​ကျောင်း​တစ်ခုကို ပြန်လည်တည်​ဆောက်ရန် ​ဒေါ်လာ ​လေး​သိန်း​ လှူဒါန်း​ခဲ့​ကြောင်း​ သိရသည်။

ကမ္ဘာ​ကျော် Popဂီတ အဆို​တော်သည် ငလျင်​ဘေး​သင့်​ နိုင်ငံအတွင်း​ရှိ က​လေး​ငယ်များ​ ပညာ​ရေး​အတွက် ရည်စူး​ကာ လှူဒါန်း​မှု ပြုလုပ်ခဲ့​ခြင်း​ဖြစ်သည်။ သူမအ​နေနှင့်​ ​ဟေတီပြည်သူများ​ ပညာ​ရေး​ ပြန်လည်ဖွံ့​ဖြိုး​စေမည့်​ ကဏ္ဍနယ်ပယ်တွင် တတ်စွမ်း​သ၍ ​ဆောင်ရွက်ကူညီသွား​မည်ဟု Waka Waka: This Time for Africa စတား​ အဆို​တော်က ကတိပြုခဲ့​သည်။

ကိုလံဘီယာ နိုင်ငံသူ ရှာကီယာသည် ယမန်နှစ်ကလည်း​ ​ဟေတီရှိ က​လေး​များ​အတွက် ​ကျောင်း​ရန်ပုံ​ငွေ ​ဒေါ်လာ​ခြောက်သိန်း​ကျော် ရရှိ​အောင် ကူညီခဲ့​သေး​သည်။ သူမက ငယ်စဉ်ကတည်း​က ကမ္ဘာအရပ်ရပ်တွင် က​လေး​ငယ်များ​ ကြမ်း​တမ်း​ခက်ထန်​သော ဘဝနှင့်​ ကြံု​တွေ့​ရ​နေရမှုကို စာနာ နား​လည်ခဲ့​ကြောင်း​ ​ပြောဆိုခဲ့​သည်။

အသက် ၃၄ နှစ်ရှိ အဆို​တော်သည် မကြာ​သေး​မီကမှ စပိန်ထိပ်သီး​ ဘာစီလိုနာ အသင်း​တွင် ကစား​နေ​သော ​ဘောလုံး​သမား​ ဂျရတ်ပစ်​ကေး​နှင့်​ ချစ်သူများ​ ဖြစ်​နေ​ကြောင်း​ အတည်ပြု ဝန်ခံခဲ့​သည်။

ယင်း​၏ အကျိုး​ဆက်အရ ဘာစီလိုနာ၏ ခါး​သီး​သော အစဉ်အလာပြိုင်ဖက် ရီး​ရဲလ်မက်ဒရစ်က ၎င်းတို့​ပိုင် ဘာ​နေဗျူး​ကွင်း​တွင် ရှာကီယာ၏ ​ဖျော်​ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထား​မှုအား​ ပယ်ဖျက်လိုက်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here