က​လေး​​များ​ကို Onlineမှ​တဆင့်​ လိင်ကိစ္စ​​သွေး​ဆောင်သည့်​​အဖွဲ့​ ဖမ်း​ဆီး​​ရမိ

alt

က​လေး​များ​ကို Onlineမှတဆင့်​ လိင်ကိစ္စအတွက် ​သွေး​ဆောင်​လေ့​ရှိ​သော အဖွဲ့​အစည်း​ တစ်ခုအား​ ဥ​ရောပတိုက် ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​ရမိခဲ့​သည်။

လွန်ခဲ့​သော ၃ နှစ်ခန့်​ကတည်း​က ဗြိတိန်တွင် စတင်အ​ခြေတည်ခဲ့​သော အဆိုပါ အဖွဲ့​ကို ဖမ်း​ဆီး​ရမိပြီး​နောက် က​လေး​ ၂၃၀ ကို ကယ်တင်လိုက်နိုင်ခြင်း​သည် အလား​တူ ပြစ်မှုမျိုး​များ​တွင် အကြီး​မား​ဆုံး​ဖြစ်​ကြောင်း​ သိရသည်။ ဥ​ရောပ ရဲတပ်ဖွဲ့​က မသင်္ကာသူ ၆၇၀ ဝန်း​ကျင်ထိ ရှိ​နေပြီး​ ၁၈၄ ဦး​ကို ဖမ်း​ဆီး​လိုက်​ကြောင်း​၊​ က​လေး​ ၂၃၀ ကို ကယ်တင်ခဲ့​ကြောင်း​ အတည်ပြုသွား​သည်။

ဥ​ရော ရဲတပ်ဖွဲ့​၏ ဒါရိုက်တာ ​ရော့​ဝိန်း​ရိုက်က ယခုကိန်း​ဂဏန်း​များ​သည် ​နောက်ပိုင်း​တွင် ပိုမိုမြင့်​တက်လာနိုင်ပြီး​ ယင်း​အမှုနှင့်​ ပတ်သက်၍ စုံစမ်း​မှုများ​ ဆက်လက်ပြုလုပ်သွား​မည်ဟု သတင်း​ထောက်များ​အား​ ​ပြောကြား​ခဲ့​သည်။ ဥ​ရောပ ရဲတပ်ဖွဲ့​သည် နယ်သာလန်တွင် အ​ခြေစိုက်ကာ က​လေး​များ​အား​ Onlineမှတဆင့်​ ​သွေး​ဆောင်ဖြား​ယောင်း​ခဲ့​သည့်​ ဂိုဏ်း​တစ်ခုကို ကာလရှည်ကြာစွာ ​ခြေရာခံ​နေခဲ့​ခြင်း​ဖြစ်သည်။

ယခု ဖမ်း​ဆီး​ရမိမှုများ​အနက် ၁၂၁ ဦး​မှာ ဗြိတိန်မှဖြစ်သည်။ ယင်း​တို့​သည် boylover.net အမည်ရှိ ဖိုရမ်တစ်ခုကို တည်​ထောင်ကာ သက်ကြီး​ပိုင်း​များ​နှင့်​ အရွယ်မ​ရောက်​သေး​သူ က​လေး​များ​ကြား​ လိင်ဆက်ဆံရန် ဆွဲ​ဆောင်မှုများ​ ပြုလုပ်ခဲ့​သည်။ ဗြိတိန်နိုင်ငံ က​လေး​သူငယ်များ​အား​ ကိုယ်ကျိုး​ရှာ အမြတ်ထုတ်မှု တား​ဆီး​ရေး​နှင့်​ Onlineရာဇဝတ်မှု ကာကွယ်​ရေး​ဌာနမှ ပီတာ​ဒေး​ဗီး​က ယင်း​ဖိုရမ်တွင် ပါဝင်ကြသူများ​သည် ယင်း​တို့​နှင့်​ က​လေး​ငယ်များ​ မည်သို့​မည်ပုံ ကာမဆက်ဆံခဲ့​သည်ကို အ​သေး​စိတ် အ​တွေ့​အကြံုဖလှယ် ​ဆွေး​နွေး​လေ့​ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ယခုဖြန့်​ကျက် ဖမ်း​ဆီး​မှုတွင် ဘယ်ဂျီယမ်၊​ ဗြိတိန်၊​ ဂရိ၊​ အိုက်စလန်၊​ အီတလီ၊​ နယ်သာလန်၊​ ရို​မေး​နီး​ယား​၊​ စပိန်တို့​ကဲ့​သို့​ ဥ​ရောပ နိုင်ငံများ​အပြင် အ​မေရိကန် ပြည်​ထောင်စု၊​ က​နေဒါ၊​ ဩစ​တြေး​လျနှင့်​ နယူး​ဇီလန်တို့​မှလည်း​ ပါဝင်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here