နီပေါနိုင်ငံတွင် ဘတ်စ်ကား​မတော်တဆမှုကြောင့် လူ ၃၂ ဦးထက်မ​နည်းသေဆုံး

alt

နီပေါနိုင်ငံတွင် ဘတ်စ်ကား မတော်တဆမှု နှစ်ခုအတွင်း လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဟီမဝန္တာ တောင်ခြေရှိ နိုင်ငံ၏ အနောက်ဖက်ခြမ်းရှိ ဒိုတီဒေသမှ ကန်ဒါမန်ဒိုတွင် လူ ရ၀ ခန့်ကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စင်းသည် လမ်းချော်ပြီး ပေရာနှင့်ချီနက်သော ချောက်ထဲသို့ ထိုးကျခဲ့သည်။ မေလ ၄ ရက်နေ့က မတော်တဆ ဖြစ်စဥ်အတွင်း လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲများကဆိုသည်။

ကျန်ခရီးသည်များမှာ အလွန်ကံကောင်းစွာဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပေ။ နီပေါ အလယ်ပိုင်းရှိ ဆင်ဟူလီတွင်လည်း ဘင်နီကွာသို့ ဦးတည်သွားနေသော ဘတ်စ်ကားတစ်စင်း ဆန်ကူရှီ မြစ်ထဲသို့ ထိုးကျရာ လူ ံ၁၆ ဦး အနည်းဆုံး သေဆုံးခဲ့သည်။ မေလ ၃ ရက်နေ့က ဖြစ်စဥ်အတွင်း ဒဏ်ရာရသူ အရေအတွက်ကိုမူ တာဝန်ရှိသူများက မကြေညာသွားချေ။

နီပေါနိုင်ငံသည် တောင်တန်းတောင်စဥ်များပေါ် ဖောက်လုပ်ထားသော လမ်းများပေါ်တွင် ခရီးသွားလာရေးကို မှီခိုနေရပြီး ယခုကဲ့သို့ မိုးရာသီတွင် ပြုပြင်ထိန်းသိမ်းမှု အလွန်အားနည်းသော ဘတ်စ်ကားများဖြင့် သွားလာနေခြင်းသည် အန္တရာယ် ကြီးမားလှကြောင်း တာဝန်ရှိသူများက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here