အမျိုး​သမီး​​တစ်ဦး​အား​ ဝက်အ​ရေ​ပြား​ဖြင့်​ ရင်သား​​အစား​​ထိုး​ကုသ

alt

ရင်သား​ကင်ဆာ ​ရောဂါကို ခံစား​ခဲ့​ရပြီး​နောက် ရင်သား​ဆုံး​ရှံုး​ခဲ့​သည့်​ အမျိုး​သမီး​တစ်ဦး​အား​ ဝက်အ​ရေပြား​ဖြင့်​ အစား​ထိုး​ ကုသမှု ပြုလုပ်​ပေး​ခဲ့​ကြောင်း​ သိရသည်။

ဗြိတိန်နိုင်ငံမှ အသက် ၃၅ နှစ်အရွယ် ကလာရာ ဘာရယ်သည် ညာဖက်ရင်သား​ ဖြတ်​တောက်ပစ်ခဲ့​ရပြီး​ ခွဲစိတ်မှု သုံး​ကြိမ်ခံယူခဲ့​ရသည်။ သူမက တင်း​နစ်ကို အလွန်ဝါသနာပါပြီး​ ပခုံး​လှုပ်ရှား​မှုများ​ကို ကန့်​သတ်မှု ဖြစ်​နေခြင်း​အား​ စိတ်ပျက်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ The Sun သတင်း​စာက သူမသည် မူလက ဆီလီကွန်ဖြင့်​ အစား​ထိုး​ရန် ရည်ရွယ်ခဲ့​သော်လည်း​ အတုအပ ပစ္စည်း​များ​ကို ခန္ဓာကိုယ်အတွင်း​ ထည့်​သွင်း​ရန် စိတ်ညစ်မိ​သော​ကြောင့်​ အခြား​နည်း​လမ်း​ကို ရှာကြံခဲ့​ကြောင်း​ ​ဖော်ပြသွား​သည်။

ကလာရာအား​ ဆရာဝန်များ​၏ ဝက်၏ တစ်သျှူး​သည် လူ့​ခန္ဓာကိုယ်နှင့်​ အလွယ်တကူ ​ပေါင်း​စပ်နိုင်ပြီး​ သဘာဝ အသား​အ​ရေကဲ့​သို့​ အပြည့်​အဝ ခံစား​နိုင်​စေမည်ဟု ဆရာဝန်များ​က ရှင်း​ပြပြီး​နောက် ထိုနည်း​လမ်း​ကို လက်ခံခဲ့​ခြင်း​ဖြစ်သည်။ သူမသည် ဗြိတိန်တွင် ဒုတိယ​မြောက် ဝက်အ​ရေပြား​ အစား​ထိုး​ ကုသခံ​သော အမျိုး​သမီး​ ဖြစ်လာပြီး​ ခွဲစိတ်ကုသမှု ကုန်ကျစရိတ်မှာ ​ပေါင်စတာလင် ၃၅၀၀၀ ခန့်​ ကျသင့်​ခဲ့​သည်။

စီး​ပွား​ရေး​ အကြံ​ပေး​ တစ်ဦး​ဖြစ်​သော ကလာရာအတွက် အစား​ထိုး​ပေး​မည့်​ ဝက်အ​ရေပြား​ကို အ​မေရိကန်ရှိ ကုမ္ပဏီတစ်ခုမှ အထူး​ရွေး​ချယ် မှာယူ​ပေး​ခဲ့​ခြင်း​ဖြစ်သည်။ ယခုအခါ ကလာရာ၏ အ​ခြေအ​နေမှာ တိုး​တက်​ကောင်း​မွန်လာ​နေပြီဖြစ်သည်။ ယ

ခုအစား​ထိုး​ ကုသမှုသည် ကမ္ဘာ​ပေါ်တွင် အမျိုး​သမီး​ အများ​စုကို အကြီး​အကျယ် ခြိမ်း​ခြောက်လျက်ရှိသည့်​ ရင်သား​ကင်ဆာ ​ရောဂါကို တိုက်ဖျက်နိုင်​ရေး​အတွက် အလွန်​ကောင်း​မွန်​သော ​မျှော်လင့်​ချက်တစ်ခု ဖြစ်လာ​စေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here