ဇနီးဖြစ်သူအား အိမ်နီးချင်းထံ ရောင်းစားသည့် တရုတ်​အမျိုးသား

alt

တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် မကြာသေးမီကမှ လက်ထပ်ထားသော ဇနီးအား အိမ်နီးချင်းတစ်ဦးထံ ရောင်းစားခဲ့ကြောင်း သိရသည်။

ဟီဘိုင်းတွင် နေထိုင်ပြီး အသက် ၄၂ နှစ် ရှိပြီဖြစ်သည့် အမျိုးသားကို တရုတ်ရဲတပ်ဖွဲ့က လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့သည်။ ဇိုဟုသာ အမည်ရှိသည့် ယင်းအမျိုးသားသည် ဇနီးအား ယွမ်ငွေ ၄၀၀၀ ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။ ဇိုက ၎င်းသည် ဆင်းရဲလွန်းသဖြင့် ဇနီးတစ်ဦးကို မလုပ်ကျွေးနိုင်ကြောင်း၊ မိမိ၏ဖခင်သည် လက်ရှိမိမိဘဝ အခြေအနေအတွက် အမြဲစိုးရိမ်နေရကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဇို၏ ဖခင်သည် ယူနန်မှ လင်းဟွာအမည်ရှိ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ၂၀၀၉ ခုနှစ်၊ ဇွန်လအတွင်းက ခေါ်ယူလာခဲ့ပြီး ဇိုအား သူမနှင့် လက်ထပ်ရန် တောင်းဆိုခဲ့သည်။

ဇိုသည် အရုပ်ဆိုးပြီး အသက်ကြီးသည့် အမျိုးသမီးအား စိတ်ပျက်သော်လည်း လင်းကို လက်ထပ်လိုက်သည်။ ၃ လအကြာတွင်မူ သူမအား ရွာထဲရှိ လယ်သမားတစ်ဦးထံ ပြန်လည်ရောင်းစားလိုက်သည်။

ရဲများက ထိုလုပ်ရပ်သည် လူမှောင်ခိုမှု အထမြောက်ကြောင်း ဖော်ထုတ်ေွ့ရှိပြီးနောက် ဇိုအား ပြီးခဲ့သည့် သီတင်းပတ်က ရှန်ဇီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here